Main menu

Background

ပဲစင်းငုံနီဈေးကျပြီး အရောင်းအဝယ်အေးလာ

Mon, 10/17/2011 - 06:23 -- Anonymous (not verified)

ပဲစင်းငုံနီစဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ       ယခင်          ယခု          ပြောင်းလဲမှု၁ ဘုရင့်နောင်         ၁ တန်       ၄၅၇၀၀၀     ၄၄၅၀၀၀၂ မန္တလေး              ၁ ပိဿာ       ၆၈၃           ၆၅၀၃ မုံရွာ                   ၁ ပိဿာ        ၆၈၅          ၆၅၅၄ ပြည်                   ၁ ပိဿာ        ၆၈၀         ၆၅၀၅ ပခုက္ကူ                ၁ ပိဿာ        ၆၉၀         ၆၇၀၆ မြင်းခြံ                ၁ ပိဿာ        ၆၈၅          ၆၅၀၇ အောင်လံ           ၁ ပိဿာ         ၆၈၅         ၆၇၅၈ မကွေး               ၁ ပိဿာ        ၆၉၀           ၆၆၅ပဲစင်းငုံနီဈေးကျပြီး အရောင်းအဝယ်အေးလာ                   ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ (RC) ကို ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်ကြီးများက ဈေးချအဝယ်ရှိ သလို ဝယ်အားနည်းပါးလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကကျရိပ်သမ်းနေကြောင်း သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်တန်ကို အနိမ့်ဆုံး ၄၃၈၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၄၅၀၀၀ ကျပ် အတွင်း တန် ၁၁၅၀ ခန့်သာ ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေး ဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က အောက်ဈေးနဲ့ အဝယ်ရှိသလို ရောင်းလက်များကလည်း ဈေးကွက်မျှော်လင့်ချက်နဲ့ အရောင်းနည်းနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာကို ၆၅၀ ကျပ်(တစ်တန်ကို ၃၉၈၀၅၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀၀ ခန့်သာ ဖြစ်ခဲ့တယ်လို့သိရပါတယ်။ မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၆၅၀ ကျပ် (တစ်တန်ကို ၃၉၈၀၅၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၀၀ မှ ၅၀၀ ကြားဝယ်အား ပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကကျရိပ်သမ်းနေကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။အောင်လံဈေးကွက်မှာ ပဲစင်း ငုံနီကို ရန်ကုန်အဆွဲခပ်ပါးပါးရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအ ဝယ်ဖြစ်မှုက တစ်ပိဿာကို ၆၇၅ ကျပ် (တစ်တန်ကို ၄၁၃၃၆၃ ကျပ်) နဲ့ နေစဉ် အိတ် ၂၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ မုံရွာ ဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်နဲ့ မန္တလေး ဝယ်လက်က ဝယ်အားနည်းပြီး ဈေးကွက်ထဲမှာ ဒေသခံကုန်သည် အချင်းချင်းကြိုက်ရောင်းကြိုက်ဝယ်အသင့်အတင့်သာ ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၆၅၅ ကျပ် (တစ်တန်ကို ၄၀၁၁၁၅ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ် လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ ပြည်ေ်ဈေးကွကွက်မှာ  ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က နေ့စဉ်အဝယ်မရှိဘဲ တစ်ခါ တစ်ရံမှသာ အဝယ်ရှိတာကြောင့် ဈေးကွက်အတွင်း အရောင်းအ ဝယ်အေးနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၆၅၀ ကျပ်(တစ်တန်ကို ၂၉၈၀၅၃ ကျပ်)နဲ့ အရောင်းအဝယ် ဖြစ်မှုနည်းသွားတယ်လို့ သိရပါတယ်။