ပဲတီစိမ်း(အညာ) စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မုံရွာ ၁ ပိဿာ ၈၉၅ ၈၉၅ ၂ မန္တလေး ၁ ပိဿာ ၈၈၉ ၈၈၉ ၃ ပြည် ၁ ပိဿာ ၈၄၀ ၈၄၀ ၄ မကွေး ၁ ပိဿာ ၈၄၂ ၉၁၂ ၅ မြင်းခြံ ၁ ပိဿာ ၈၃၀ ၇၇၅ ပဲတီစိမ်း(အညာ) ဈေးအေးပြီး အရောင်းအဝယ်ဖြစ်မှုနည်းလာ မန္တလေးဈေးကွက်မှာ ပဲတီစိမ်းကြီးက ဈေးကွက်သို့ အဝင် ပုံမှန်ရှိပေမယ့် တရုတ်ဝယ်လက်က အရည်အသွေးပေါ် မူတည်ပြီး အဝယ်ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၈၉ ကျပ် (တစ်တန်ကို ၅၄၄၄၁၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၂၀၀ ခန့်ဖြစ်ခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဝါကျွတ်ပွဲကလည်း ရှိနေတာကြောင့် အရောင်းအဝယ်က ခပ်ပါးပါးသာရှိနေတယ်လို့ မြို့ခံကုန်သည်များက ဆိုပါတယ်။ မုံရွာဈေးကွက်မှာ ပဲတီစိမ်းကြီးကို မန္တလေးအဆွဲအတင့် အသင့်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်ေ့ နတယ်လို့ ဆို ပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၉၅ ကျပ်(တစ်တန် ကို ၅၄၈၀၈၉ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၂၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပြည်ဈေးကွက်မှာ ပဲတီစိမ်းဈေးကွက်သို့ အဝင်မရှိ သလောက်ဖြစ်သွားပြီး ပွဲရုံအနည်းငယ်လောက်သာ ပစ္စည်းလက်ကျန် ရှိနေတယ်လို့ သိရပါတယ်။ လိုင်းသမားများအဝယ်နည်းခဲ့ပြီး မျိုးအ တွက် ပြန်လည်ဝယ်ယူသူများသာ အနည်းငယ်ရှိတာကြောင့် တစ်ပိဿာကို ၈၄၀ ကျပ်(တစ်တန်ကို ၅၁၄၄၀၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀ ခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။
Background