ပြောင်းစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ တောင်ကြီး ၁ ပိဿာ ၂၁၀ ၂၂၀၂ လားရှိုး ၁ ပိဿာ ၃၀၀ ၃၀၀၃ မူဆယ် ၁ တန် ၂၂၅၁၂၉ ၂၁၉၇၆၂၄ မန္တလေး ၁ ပိဿာ ၂၈၇ ၂၇၈၅ မြင်းခြံ ၁ ပိဿာ ၃၀၀ ၂၉၀၆ ဟင်္သာတ ၁ ပိဿာ ၃၁၀ ၃၀၅ပြောင်းကို တရုတ်ဝယ်အားပုံမှန်ရှိ တောင်ကြီးဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်ပုံမှန် ရှိသလို တရုတ်ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၂၂၀ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၇၀၀၀၀ ခန့် ဖြစ်ခဲ့တယ်လို့ ဒေသခံကုန်သည်တစ်ဦး ကဆိုပါတယ်။လားရိူးဈေးကွက်မှာ ပြောင်းကို တရုတ်ဝယ်လက်ကလည်း ဝယ်အားကောင်းနေပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမိမ်နေကြောင်း သိရပါတယ။် အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၃၀၀ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၄၂၆၇၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးဈေးကွကွက် မှာ ပြောင်းကို တရုတ်အဆွဲပုံမှန်ရှိပေမယ့် ရောင်းလက်များ အရောင်းများလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျနေ တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၂၇၈ ကျပ်နဲ့ နေ့စဉ်အိတ် ၁၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဟင်္သာ ဈေးကွက်မှာ ပြောင်းက ဈေးကွက်မှာ ပစ္စည်းလက်ကျန်နည်းနေ ပေမယ့် ရန်ကုန်အဆွဲကတော့ ပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၀၅ ကျပ်နဲ့ တစ်ရက်ကို အိတ် ၂၀၀ ခန့်သာဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ မူဆယ်ဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို တရုတ်အဆွဲကလည်း ပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး အနည်းငယ်မြင့်လ့ ာပြးီ အရောင်း အဝြယ်ဖစ်မှုလည်းများလာတယ် လို့ ဆိုပါတယ်။
Background