ကူးပါးတာယာနဲ့ ရော်ဘာကုမ္ပဏီက ယခုနှစ်ကုန်ပိုင်းမှာ တာယာဈေးနှုန်းတွေ မြှင့် တင်မယ်လို့သိရပါတယ်။ ဒီဈေးနှုန်း မြှင့်တင်ခြင်းကို ဒီဇင်ဘာ ၁ ရက်ကစပြီး အကျုံးဝင် မယ်လို့သိရပြီး ဘယ်တာယာအမျိုးအစားဈေးနှုန်း တိုးမြှင့်တင်မယ်ဆိုတာတော့ အသေးစိတ်ပြောကြားခြင်းမရှိပါဘူး။ ၎င်းကုမ္ပဏီအနေနဲ့ နောက်ဆုံးဈေးနှုန်းမြှင့်ခဲ့တာက ယခုနှစ် မတ်လ ၁၅ ရက်ကဖြစ်ပါတယ်။ အဲဒီအချိန်ကတော့ ထုတ်ကုန်အမျိုးအစားပေါ်မူတည်ပြီး ၈ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းထိ ဈေးမြင့်ခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ ကုန်ကြမ်းစရိတ် မြင့်တက်တာကြောင့်အထိနာနေကြောင်းသိရပါတယ်။ Source:Tire Busines,KZW
Background