Main menu

Background

ရော်ဘာအပို့ တဖြည်းဖြည်းတက်လာ

Mon, 10/17/2011 - 08:42 -- Anonymous (not verified)

                    အောက်တိုဘာ၂ ရက်မှ ၈ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၂၀၁ တန်၊ တန်ဖိုး ကန် ဒေါ်လာ သုည ဒသမ ၈၈၇ သန်းတန်ဖိုးကို စင်္ကာပူသို့ တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၂၀ ခန့်သာ တင်ပို့ ခဲ့တာကြောင့် ယခု တစ်ပတ်မှာတော့ တင်ပို့မှုတိုးတက်လာ တာတွေ့ရပါတယ်။ ရော်ဘာစတင် ထွက်ရှိတဲ့ ရာသီကို ရောက်လာတာကြောင့် မကြာမီ ပိုမိုတင်ပို့နိုင်တော့မယ်လို့ သိရပါတယ်။ နယ်စပ်ကတော့ တန် ၄၀၀ နီးပါး ပုံမှန် တင်ပို့ နေတာတွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့ ပြောင်းလဲမှုမရှိဘဲ၊RSS-3 , MSR-50 တစ်တန်ကို ဒေါ်လာ ၄၀၀၀ နဲ့ RSS-5 တစ်တန်ကို ဒေါ်လာ ၃၉၀၀ အသီးသီးဈေးရှိကြောင်း သတင်းရရှိပါတယ်။ KZW