အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ပဲစင်းငုံဈေးက ဈေးကွက်အလိုက် အတက် အကျရှိနေတာ တွေ့ရပါ တယ်။ ပဲထွက်ရှိရာဒေသတွေမှာ ပဲစင်းငုံအထွက်ကောင်းတဲ့ သတင်းများအရ လှောင်လက်များ လက်ကျန် ရှင်းထုတ်နေကြသလို ပဲခွဲစက်များ ကလည်း အဝယ်အေးတာကြောင့် အချို့ဈေးကွက်မှာ ဈေးအေးတယ်လို့ သိရပါတယ်။ နိုင်ငံအထက်ပိုင်း ပဲထုတ်လုပ်ရာဒေသများမှ ပဲဝင်ရောက်မှု မြင့်တက်နေတဲ့ အတွက် နောက် ၄ ရက်အတွင်း ပဲစင်းငုံဈေး အနည်းငယ်ကျဆင်းနိုင်တယ်လို့ ဈေးကွက်က သုံးသပ်ကြပါတယ်။ ဈေးကွက်အတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ၂၁-၁၀-၁၁ ၁၉-၁၀-၁၁ ၁၈-၁၀-၁၁ ၁၇-၁၀-၁၁မွန်ဘိုင်း ၆၁၁ ၆၁၁ ၆၁၁ ၆၂၀ဒေလီ ၆၄၄-၆၄၆ ၆၅၆-၆၅၈ ၆၅၆-၆၅၈ ၆၅၆-၆၅၀ချန်နိုင်း ၆၁၆ ၆၂၁ ၆၁၁ ၆၂၀MIRT(DOBT)
Background