Main menu

Background

အိန္ဒိယပဲတီစိမ်း ဝင်ရောက်မှုအမြင့်ဆုံးကာလဖြစ်လို့ တင်ပို့မှု ကျဆင်း

Mon, 10/24/2011 - 04:05 -- Anonymous (not verified)

                လက်ရှိကာလဟာ အိန္ဒိယဈေးကွက်တွေကို ပဲတီစိမ်းအသစ်တွေ ဝင်ရောက်မှုများတဲ့ ကာလဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ ဝယ်ယူမှုနည်းပြီး တင်ပို့မှုကျဆင်းတဲ့ ကာလဖြစ်နေပါတယ်။ ယခင်သီတင်းပတ်က ပဲတီစိမ်းတန်ချိန် ၂၁၀၀ ကျော်တင်ပို့ခဲ့ပြီး ယခုတစ်ပတ် (အောက်တိုဘာလ ၉ ရက်မှ ၁၄ ရက်) အတွင်းမှာတော့ တန်ချိန် ၁၁၆၀ ကျော်သာ အပို့ရှိခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၁၂ အတွင်း အောက်တိုဘာလ ၁၄ ရက်နေ့အထိ ပဲတီစိမ်းတန်ချိန် ၁၉၇၇၀၀ တင်ပို့ခဲ့ပြီးဖြစ်လို့ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်း တင်ပို့ခဲ့တဲ့ တန်ချိန် ၁၃၅၀၀၀ နဲ့ ယှဉ်ရင် ၆၂၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ လတ်တလောမှာ ပဲတီစိမ်းတင်ပို့မှု လျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT