Main menu

Background

အချိန်လွန်မိုးကို အကြောင်းပြု ဈေးကစားခံရတဲ့ ကြက်သွန်နီ

Mon, 10/24/2011 - 04:21 -- Anonymous (not verified)

                    ဒီရက်ပိုင်းအတွင်းမှာ မုန်တိုင်းကြောင့် အထက်အညာဒေသတွေမှာ အချိန်လွန်မိုး ရွာသွန်းမှုများခဲ့ပြီး ချောင်းရေတွေလျှံ၊ ရေကြီးနစ်မြုပ်မှုတွေ ဖြစ် ခဲ့တာကို အကြောင်းပြုလို့ ကြက်သွန်နီ ဈေးနှုန်းတွေကို မြှင့်တင်ခဲ့ကြပါတယ်၊ သူတို့ပြောတာကတော့ တောနယ်တွေ မှာရှိနေတဲ့ ကြက်သွန်နီတွေ ရေကြီးပြီး လမ်းမကောင်းလို့ မြို့ပေါ်ကိုသယ်လို့ မရတာရယ်၊ ကြက်သွန်နီ လက်ကျန် နည်းနေပြီဆိုတာရယ်၊ ဒါတွေကိုပဲ အကြောင်းပြနေကြတာ တွေ့ရပါတယ်။ တကယ့်ကြက်သွန်နီလှောင်တဲ့ ဂိုဒေါင်ကြီးတွေ ရှိနေတာက မြင်းခြံ၊ ပခုက္ကူ၊ ဆိပ်ဖြူ၊ ရေနံချောင်း စတဲ့ မြို့ကြီးတွေဖြစ်ပြီး အဲဒီက ကုန်သည် ကြီးတွေနဲ့ လှောင်လက်တွေလက်ထဲမှာ အများစု ကျန်နေတာ ဖြစ်ပါတယ်။ ကျေးလက်တောရွာက တောင်သူကြီး အချို့ လက်ထဲမှာ ကျန်နေတာလည်း အချို့အဝက်တော့ ရှိတာမှန်ပါတယ်။ ကျွန်တော်တို့နိုင်ငံလိုပဲ ကြက်သွန်နီ အမြောက်အမြားထုတ်လုပ်တဲ့ အိမ်နီး ချင်း အိန္ဒိယနိုင်ငံရဲ့ ကြက်သွန်နီအခြေ အနေကို စုံစမ်းကြည့်တဲ့အခါ တစ်တန် ၆၁၂ ပိဿာကို ဒေါ်လာ ၃၅၀/၄၀၀ ဖြစ်ကြောင်း သိရပါတယ်၊ မြန်မာနိုင်ငံ ကို တင်သွင်းမယ်ဆိုရင် သယ်ယူခနဲ့ အခြား အထွေထွေစရိတ်များ အပါအဝင် တစ်ပိဿာကို ၅၅၀/၆၀၀ကျပ် ဝန်းကျင်နဲ့ ဈေးကွက်အရောက် ဖြန့်ဖြူး နိုင်တဲ့ အခြေအနေရှိကြောင်း ကုန်သည် ကြီးအချို့ထံမှ စုံစမ်းသိရှိရပါတယ်၊ ကြက်သွန်နီတွေကို လှောင်ထားပြီး ဈေး ကစားချင်တဲ့ လူတွေက အပေါ်မှာပြော ခဲ့သလို အကြောင်းပြ ဈေးမြှင့်တင်ခဲ့ ကြလို့ ဒီနေ့ ပြည်တွင်းကြက်သွန်နီဈေး တွေမြင့်တက်ပြီး ၁၂၀၀/၁၃၀၀ ကျပ် ဈေးအထိ ဖြစ်နေတာကို ကုစားနိုင်ဖို့ အတွက် အိန္ဒိယက တင်သွင်းလိုက်နိုင် ရင်တော့ စားသုံးသူတွေအတွက် ဈေး သက်သက်သာသာနဲ့ စိတ်လက်ချမ်း သာစွာ ဝယ်ယူစားသုံးနိုင်ကြမယ်လို့ မြင်မိပါတယ်။ ဈေးကွက်ရဲ့ သဘော တရားအရ ပြည်တွင်းမှာစားသုံးမှု ဖူလုံ ပြီး ပိုလျှံတယ်ဆိုရင်၊ ဈေးလည်းကိုက် တယ်ဆိုရင် ပြည်ပကို တင်ပို့ရောင်း ချရမှာဖြစ်သလို ပြည်တွင်းမှာ ဈေးတွေ ကြီးမြင့်လာပြီး ပြည်တွင်း လိုအပ်ချက် လည်းရှိ၊ ဈေးလည်း သက်သာမယ်ဆို ရင် ပြည်ပက ပြန်ဝယ်စားရမှာ ဖြစ်ပါ တယ်။ ဒီလိုမျိုး ဈေးကွက်စီးပွားရေး စနစ်နဲ့ ကုန်စည်တွေ၊ ဈေးနှုန်းတွေရဲ့ သဘောသဘာဝကိုလည်း ဒီကနေ့ အစိုးရသစ်က နားလည်သိရှိထားပြီး ဖြစ်ပါတယ်။ ဒီလိုသာ ပြည်ပက ကြက်သွန်နီတွေ ပြန်တင်သွင်းတာမျိုး ဆောင်ရွက်မယ်ဆိုရင် လှောင်လက်တွေ၊ ဈေးကစားချင်နေကြတဲ့ သူတွေ နဲ့ ခေတ်စနစ်နဲ့အညီ လိုက်ပါပြောင်းလဲ လိုစိတ်မရှိသူများ အရှုံးနဲ့ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။                    ဒီနေ့ နိုင်ငံတော် ခေတ်မီဖွံဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နေတဲ့ ဒီအချိန်၊ ဒီကာလမှာ အကြောင်းအမျိုး မျိုးပြ၊ ကြုံရင်ကြုံသလို လုပ်စားချင်ကြ တာတွေကို ရပ်တန်းကရပ်ပြီး ပြောင်းလဲ လာတဲ့ ဈေးကွက်စီးပွားရေးစနစ်နဲ့အညီ စိုက်ပျိုးထုတ်လုပ်သူ၊ ကုန်သည်နဲ့စားသုံးသူများ သင့်တင့်လျောက်ပတ်တဲ့အကျိုး ခံစားခွင့်အသီးသီးရရှိစေပြီး နိုင်ငံတော် လည်းအကျိုးရှိစေဖို့အတွက် ပြောင်း လဲလာတဲ့ စီးပွားရေးစနစ်ရဲ့ ရေစီး ကြောင်းမှာ လိုက်ပါဆောင်ရွက်သွား သင့်ပြီဖြစ်ကြောင်းပါခင်ဗျား။ UML