Main menu

Background

အိန္ဒိယငရုတ်ကောင်းဈေး ဗီယက်နမ်ထက် ဈေးလျော့ရောင်း

Mon, 10/24/2011 - 05:16 -- Anonymous (not verified)

                 ပုံမှန်အားဖြင့် အိန္ဒိယငရုတ်ကောင်း အမျိုးအစားတွေဟာ အခြားနိုင်ငံတွေရဲ့ ငရုတ်ကောင်းဈေးထက် အမြင့် ဈေးနဲ့ ရောင်းဝယ်မှုရှိပေမယ့် ယခုအခါ ရုတ်တရက် အပြောင်းအလဲဖြစ်ခဲ့ပါတယ်။ လတ်တလော နိုင်ငံတကာ ဈေးကွက်မှ အိန္ဒိယ ငရုတ်ကောင်းဈေးဟာ ဥရောပအတွက် C & F ဈေး တစ်တန်ကန်ဒေါ်လာ ၈၀၅၀-၈၁၀၀၊ အမေ ရိကန်အတွက် C & F  ဈေးကန်ဒေါ်လာ ၈၃၀၀ နဲ့ အမှာ အော်ဒါများစွာ ရရှိနေတယ်လို့ SMC global  မှ ပြောကြားပါတယ်။                 ဗီယက်နမ်နိုင်ငံဟာ ငရုတ်ကောင်း တင်သွင်းခြင်းနဲ့ ပြန်လည်တင်ပို့မှုတွေပိတ်ပင်တဲ့ စည်းကမ်းများ ထုတ်ပြန်ထား တဲ့ အတွက် ကုန်သည်များဟာ တန်ဖိုးမြင့် ငရုတ်ကောင်းများ ကိုသာ တင်ပို့ခွင့်ရရှိခဲ့ပါတယ်။ ဒါကြောင့် အိန္ဒိယက ငရုတ် ကောင်းများ တင်သွင်းခွင့်မရဘဲ ပြုပြင်ထုတ်လုပ်ပြီး ပြန်လည် တင်ပို့နိုင်မှု မရှိခဲ့ဘူးလို့ ကီရာလာ အခြေစိုက်ဟင်းခတ်အမွှေး အကြိုင်အဖွဲ့မှ Gulshan John        က ပြောကြားပါတယ်။ ပြည်တွင်းရောင်းချမှု ကျပ်တည်းတဲ့ အခြေအနေအရ ဗီယက်နမ်က အိန္ဒိယလိုဈေးအနိမ့်နဲ့ တင်ပို့နိုင်မှုမရှိခဲ့တာ ပါလို့လည်း ထပ်လောင်းပြောကြားပါတယ်။ ဗီယက်နမ် ပြည်တွင်း ငရုတ်ကောင်းတင်ပို့သူများဟာ ပြည်တွင်း ရောင်း ချမှု နည်းလို့ ဈေးပိုပေး ဝယ်ယူကြရတယ်လို့ ဆိုပါတယ်။ ယခင် သီတင်းပတ်က အိန္ဒိယ ငရုတ်ကောင်းဈေး တစ်တန် ကန် ဒေါ်လာ ၆၇၂၁ ရှိနေတဲ့အတိုင် ဗီယက်နမ်ငရုတ် ကောင်းမှာ ကန်ဒေါ်လာ ၇၂၂၀ ဈေးရှိနေခဲ့ပါတယ်။                     ဗီယက်နမ်မှာရှိတဲ့ လက်ကျန်များအားလုံး ရောင်းချပြီး သားဖြစ်နေခြင်းကလည်း ဈေးသက်သက် သာသာနဲ့ ရောင်းချခြင်းမှ အကာအကွယ်ဖြစ်စေပါတယ်။ ဒါ့အပြင် အိန္ဒိယကြိုပွိုင့်ဈေးကွက်မှာ ငရုတ်ကောင်း ဈေးမြင့် တက် နေချိန်မှာ ကုန်သည်များဟာ လက်ငင်းဈေးကွက်က ဈေး သက်သက်သာသာနဲ့ ဝယ်ယူကြတာကြောင့်လည်း ခုလိုနိုင်ငံ တကာ ဈေးကွက်မှာ ဈေးလျော့နေခြင်း ဖြစ်တယ်လို့ ထပ် လောင်း ပြောကြားပါတယ်။ ယမင်းခင် Source: commodilyonline