ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တင်ပို့မှုမှာ ယခင်သီတင်းပတ်က တန်ချိန် ၄၀၀ ကျော်ရှိခဲ့ရာမှ ယခုတစ်ပတ် မှာ တန်ချိန် ၁၈၅ တန်သာရှိပါတယ်။ ယခုတစ်ပတ်တင်ပို့တဲ့နိုင်ငံတွေကတော့ စင်ကာပူ၊ ဖိလစ်ပိုင်နဲ့ အိန္ဒိယတို့ဖြစ်ပြီး ပမာဏများတာကတော့ ဖိလစ်ပိုင်ကို ဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ်အတွင်း အောက်တိုဘာ ၂၈ ရက်အထိ တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၁၆၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၅ သန်း ခန့် ရရှိပြီလို့ သိရပါတယ်။ ရန်ကုန် FOB အရောင်းအဝယ် ဖြစ်မှုအနေနဲ့ တန်ချိန် ၁၉၀ ခန့် ရှိလို့ ယခင်တစ်ပတ် အရောင်းအဝယ်ဖြစ်တဲ့ တန် ၁၂၀ ထက်အနည်းငယ်ပိုလာပါတယ်။ လက်ကျန်နည်းလာပြီး အဝယ် ပုံမှန်ရှိပေမဲ့ ပို့ကုန်ဝင်ငွေ တစ်ယူနစ် တန် ဖိုး လျော့ကျတဲ့အတွက် ရန်ကုန် FOB ဈေးလည်း လျော့လာပါတယ်။ အောက်တိုဘာလ ၂၈ ရက်မှာ FAQ တစ်တန် ကန်ဒေါ်လာ ၈၄၀-၈၆၀၊ SQ တစ်တန် ကန်ဒေါ်လာ ၉၅၀-၉၇၀ ရှိရာမှ နိုဝင်ဘာလ ၄ ရက်မှာ FAQ တစ်တန် ၇၉၀-၈၁၀၊ SQ တစ်တန် ကန်ဒေါ်လာ ၉၀၀-၉၂၀ ကိုကျဆင်းခဲ့ ပါတယ်။ MIRT-MAPT
Background