Main menu

Background

မိုးရွာသွန်းမှုကြောင့် အိန္ဒိယနနွင်းဈေး တိုးသင့်သလောက်မတိုး

Tue, 11/08/2011 - 04:27 -- Anonymous (not verified)

                   အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း နိုဝင်ဘာ၂ ရက်မှာနနွင်းလက်ငင်းဈေး ရူပီး ၂၀၀၀ (ကန်ဒေါ်လာ ၄၁) ကျဆင်းခဲ့ပါတယ်။ ကျေးလက်ဒေသများမှာ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် အမှာအော်ဒါများရှိပေမယ့် တောင်သူ များဈေးကွက်ကို သယ်ယူမှုအခက်အခဲဖြစ်သလို ကုန်သည်များကလည်း မိုးရွာသွန်းတဲ့အတွက် နနွင်းထုပ်ပိုး သယ်ဆောင်ရာမှာ ခက်ခဲတဲ့အတွက် ဝယ်ယူမှု ရပ်ဆိုင်းထားတယ်လို့ အီရော့ နနွင်းကုန်သည်များအသင်း ဥက္ကဌမစ္စတာ အာကေဗွီရာဗီရှန်ကာမှ ပြောကြားပါတယ်။ ဈေးကွက်မှာ ၃၀-၃၅ ရာခိုင်နှုန်းသာ ရောင်းချရတယ်လို့ ဆိုပါတယ်။                  နနွင်းစိုက်ပျိုးတဲ့ အင်ဒရာပဒေ့ရှ်နဲ့ အနီးအနားပြည်နယ်များမှာ မိုးရွာသွန်းနေခြင်းကြောင့် နနွင်းအထွက် ပိုကောင်းမယ့် အလားအလာလည်း ဈေးနှုန်းကို ကျဆင်းစေပါတယ်။ တောင်သူလက်ထဲမှာ နနွင်းအိတ် ၁၀ သိန်းကျော်ခန့်ရှိနေပြီး၊ လာမယ့် သီတင်းပတ်များမှာ ထုတ်ရောင်းမှာဖြစ်လို့ ဈေးထပ်မံကျဆင်းမယ်လို့လည်း ကုန်သည်များက ခန့်မှန်းကြပါတယ်။ ဒါပေမယ့် တောင်သူတွေ လက်ရှိဈေးနဲ့ အကျိုးရှိနေတယ်လို့ ဆိုပါတယ်။ ပြည်ပတင်ပို့မှု နည်းနေဆဲဖြစ်ပေမယ့် လာမယ့် သီတင်းပတ်မှာတော့ ဥရောပ၊ အမေရိကန်၊ အနောက်အာရှနဲ့ ဂျပန်တို့က ဝယ်လိုအားတက်လာဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါ တယ်။                 အီရော့ နနွင်းကုန်သည်များအသင်း ဈေးဝင်းမှာ နနွင်းလက်ချောင်းဈေး တစ်တန် ရူပီး ၃၂၀၉၀-၅၃၂၉၀(ကန်ဒေါ်လာ ၆၅၃-၁၀၈၄)ရှိပြီး၊ နနွင်းဥတစ်တန် ရူပီး ၃၁၉၉၀-၅၀၃၆၀ (ကန်ဒေါ်လာ ၆၅၀-၁၀၂၄)ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင်၊ Source: Hindubusiness