Main menu

Background

မြန်မာနိုင်ငံမှ ဆန်နဲ့ ဂျုံဝယ်ယူလိုကြတဲ့ ဇိုခေါဒါရ် ကုန်သည်များ

Tue, 11/08/2011 - 08:42 -- Anonymous (not verified)

             တစ်ဖက်နိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ပြည်နယ်အစိုးရမှ ထောက်ပံ့သောဆန်ကို အိန္ဒိယပြည်တွင်းမှ ဝယ်ယူရသည့် ကုန်ကျစရိတ်များသဖြင့် မြန်မာအိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်မှ ဝယ်ယူနိုင်ရေး စုံစမ်းမှုများ ရှိနေတယ်လို့ အောက်တိုဘာ ၂၇ ရက်နေ့က ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းမှာပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ ကုမ္ပဏီဒါရိုက်တာ တစ်ဦးက ဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ၤဥြ (ရိဒ်)ဆန်တစ်အိတ်လျှင် ရူပီး ၁၂၀၀ မှ ၁၅၀၀ ကြား ဈေး နှုန်းနဲ့ တန် ၅၀၀ခန့်၊ အိုက်ဇောမှာ မုန့်လုပ်သူအချို့ ကလည်း တစ်လလျှင် ဂျုံအိတ် ၂၀၀ ခန့် ဝယ်ယူလိုတယ်လို့ စုံစမ်းမှု တွေရှိနေတဲ့အတွက် နယ်စပ်ဖြတ်ကျော်ပုံမှန် ကုန်သွယ်မှု နည်းလမ်းနဲ့တင်ပို့ခွင့်ရလျှင် တင်ပို့လိုကြောင်း ဆွေးနွေး တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။ ရိဒ်နယ်စပ်အနေနဲ့ ပို့ကုန်ပိုင်းမှာ ဝက်အရှင်၊ ကွမ်းသီး၊ ကုန်မျိုးစုံများ တင်ပို့မှုရှိပြီး သွင်းကုန် အနေနဲ့ ယူရီးယား၊ ပိုတက်ရှ် ဓာတ်မြေသြဇာနဲ့ ဆံပင်တို့ တင်သွင်းလျက်ရှိပါတယ်။Source: နကသ၊ MIRT(DOT)