Main menu

Background

အိန္ဒိယဈေးကွက်အချို့မှာ ပဲစင်းငုံဈေးကျပေမဲ့ ဈေးကွက်အများစုမှာမြင့်တက်

Mon, 11/14/2011 - 04:02 -- Anonymous (not verified)

                    အိန္ဒိယဈေးကွက်အချို့မှာ ပဲခွဲစက်များမှ အမြင့်ဈေးနဲ့ အဝယ်မရှိလို့ ဈေးလျော့ ကျမှုတွေရှိပေမဲ့ ဈေးကွက်အများစုမှာတော့ ဈေးမြင့်နေဆဲဖြစ်ပါတယ်။ ပဲစင်းငုံ အသစ်ဝင်ရောက်မှုမှာ အိတ် ၄၀၀-၅၀၀ ခန့်သာ ရှိသေးတဲ့အတွက် ဈေးနှုန်း ခိုင်မာနေခြင်းဖြစ်ပါတယ်။ ကုန်ကြမ်းဈေးမြင့်နေပေမဲ့ ပြုပြင်ပြီး ပဲစင်းငုံ ဝယ်လိုအား နည်းတာကြောင့် ပဲခွဲစက်များနဲ့ လှောင်လက်များအနေနဲ့ အကျိုးအမြတ်ရရှိမှု နည်းတယ်လို့ သိရပါတယ်။ ပဲအသစ်တွေ လှိုင်လှိုင်ဝင်လာရင်တော့ ပဲစင်းငုံဈေး ကျဆင်းဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်များအတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-                                     ဒေါ်လာ/ တန်                       ၉-၁၁-၁၁        ၈-၁၁-၁၁        ၅-၁၁-၁၁             ၄-၁၁-၁၁မွန်ဘိုင်း             ၆၆၅              ၆၇၄-၆၇၉           ၆၆၃                ၆၄၈-၆၅၃ဒေလီ             ၇၃၀-၇၃၅           ၇၅၁-၇၅၆      ၆၉၂-၆၉၄            ၆၈၉-၆၉၀ချန်နိုင်း               ၆၄၀                  ၆၄၉               ၆၄၃                    ၆၃၈MIRT(MAPT)