Main menu

Background

မြေထောက်ပဲတင်ပို့မှု ပမာဏ နည်းပေမဲ့ FOB

Mon, 11/14/2011 - 04:11 -- Anonymous (not verified)

                အရောင်းအဝယ် အသင့်အတင့်ရှိ ယခုတစ်ပတ် (အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၄ ရက်)အတွင်း ပင်လယ်ရေကြောင်းက မြေထောက်ပဲ တင်ပို့မှု ၂၆ တန်သာရှိခဲ့ပါတယ်။ တင်ပို့မှုအနေနဲ့ ယခင်တစ်ပတ် များထက် သိသိသာသာလျော့ကျခဲ့ပါတယ်။ ဒီတစ်ပတ်မှာလည်း ဖိလစ်ပိုင်နဲ့ အိန္ဒိယကို တင်ပို့တာဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာတော့ မြေထောက်ပဲ တန် ၃၀၀ ကျော် အရောင်းအဝယ်ဖြစ်လို့ ယခင် သီတင်းပတ် အရောင်းအဝယ်ဖြစ်တဲ့ တန် ၁၃၅ ထက် ပိုမိုခဲ့ပါတယ်။ အောက်တိုဘာလ တစ်လလုံးမှာ မြေထောက်ပဲ တန်ချိန် ၉၃၀ ခန့်သာပြည်ပတင်ပို့နိုင်ပြီး စက် တင်ဘာလအတွင်းမှာ တန်ချိန် ၁၇၀၀ ကျော်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။               အခြားပဲများထဲမှာ စင်ကာပူကို ပဲယင်း ၂၅ တန်နဲ့ စင်ကာပူနဲ့ မလေး ရှားကို ပဲကြီး ၅ တန်ကျော် တင်ပို့နိုင် ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပြောင်းလဲခြင်းမရှိဘဲ နိုဝင်ဘာလ ၁၁ ရက်မှာလည်း မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၄၀-၇၆၀၊ ပဲယင်း တစ်တန် ကန်ဒေါ်လာ ၄၈၀-၅၀၀ အသီးသီးရှိ ကြောင်း သိရပါတယ်။ MIRT(MAPT)