Main menu

Background

တရုတ်ဘက် ပဲသစ်ထွက်ချိန်ဖြစ်၍ မူဆယ်နယ်စပ်မှ ပဲတီစိမ်းအပို့လျော့

Mon, 11/14/2011 - 04:19 -- Anonymous (not verified)

                    အောက်တိုဘာလမှာ ကန်ဒေါ်လာ ၂ ဒသမ ၁၅၈ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၂၇၃၇ တန်ခန့်ကို တစ်ဖက် တရုတ်နိုင်ငံသို့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် အပို့ရှိခဲ့ပါတယ်။ အနီးစပ်ဆုံးကာလထက် တန် ၄၃၄၀ ကျော်နဲ့ ယခင်နှစ်ကာလ တူထက် ၄၈၇၅ တန်ခန့် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ဧပြီလမှ အောက်တိုဘာလထိ တန်ချိန် ၁၀၆၉၀၀ ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၉၈ သန်းဖိုး မူဆယ်နယ်စပ်မှ တင်ပို့ထားပြီးဖြစ်ပါတယ်။                        တရုတ်မှ ပဲတီစိမ်းဝယ်ဈေးကျဆင်းခြင်း၊ ရာသီဥတုအေးလာတဲ့အတွက် ဝယ်လိုအားနည်းလာခြင်း၊ စက်တင်ဘာ လဆန်းပိုင်းမှစပြီး တရုတ်ဖက်မှာ ပဲသစ်ထွက်ချိန်ဖြစ်ခြင်းတို့ကြောင့် မိမိတို့ဘက်မှ ပဲတီစိမ်းတင်ပို့မှု ယခုအခါ လျော့နည်း ခဲ့ရပါတယ်။ ယမန်နှစ်အောက်တိုဘာလတွင် တရုတ်ဘက် ရွှေလီမှာ ပဲတီစိမ်းဝယ်ဈေးမှာ ယွမ် ၈၀၀၀ ရှိပြီး ယခု နှစ်မှာတော့ ယွမ် ၅၄၀၀-၅၈၀၀ ဈေးသာပေါက်လျက်ရှိပါတယ်။ ယခုဘဏ္ဍာနှစ် လအလိုက် မိမိဘက်နဲ့ တစ်ဘက် နိုင်ငံပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                        မိမိဘက်(ကျပ်/တန်)              တစ်ဖက်နိုင်ငံ(ယွမ်/တန်)ဧပြီလ                        ၈၁၆၅၂၀                      ၉၆၀၀-၁၀၄၀၀မေလ                  ၉၀၃၆၀၀-၉၅၈၀၅၇                ၈၅၀၀-၈၉၀၀ဇွန်လ                  ၆၁၅၁၁၇-၇၄၀၃၁၇               ၇၅၀၀-၈၃၀၀ဇူလိုင်လ              ၅၄၄၃၅၁-၅၈၇၈၉၉                ၆၄၀၀-၆၇၀၀သြဂုတ်လ            ၅၄၄၃၅၁-၅၉၈၇၈၆                 ၅၇၀၀-၆၁၀၀စက်တင်ဘာလ          ၅၄၄၃၅၁                         ၅၄၀၀-၅၈၀၀အောက်တိုဘာလ   ၄၆၈၁၄၁-၄၈၉၉၁၆               ၅၀၀၀-၅၄၀၀            လတ်တလောမှာ ယာဉ်တန်ချိန် ကန့်သတ်ချက်အရ ကုန်သယ်ဆောင်နေရတဲ့အတွက် မန္တလေး-မူဆယ် ကုန်သယ် ယူခနှုန်းထားများဆက်တိုက်မြင့်တက်လာလျက်ရှိရာ အောက်တိုဘာလဆန်းပိုင်းမှာ ၁ ပိဿာ၄၅ ကျပ်မှ လကုန်ပိုင်းမှာ ကျပ် ၈၀ အထိမြင့်တက်ခြင်းသည်လည်း အဓိကကန့်သတ်ချက်ဖြစ်နေတယ်လို့ သုံးသပ်နေကြပါတယ်။ Source: နကသ၊ချမ်းမြေ့မောင်