မတ်ပဲဟာ ပရိုတိန်း ၂၆ ရာခိုင်နှုန်းခန့် ပါဝင်တဲ့ အိန္ဒိယလူမျိုးများ အတွက် အရေးပါတဲ့ ပဲတစ်မျိုးဖြစ်ပါတယ်။ မတ်ပဲကို အဓိကအားဖြင့် အပူပိုင်းတောင်အာရှနဲ့ ကပ်လျက်ဒေသများမှာ စိုက်ပျိုးပါတယ်။ ကမ္ဘာ တစ်ဝန်း မတ်ပဲတန်ချိန် ၈ ဒသမ ၅ သန်းထုတ်လုပ်ပြီး၊ အဓိက ထုတ်လုပ်တဲ့ နိုင်ငံများကတော့ အိန္ဒိယ၊ မြန်မာနဲ့ ထိုင်းတို့ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကတော့ ကမ္ဘာ့ ထုတ်လုပ်မှုရဲ့ ၇၀ ရာခိုင်နှုန်းမှာပါ ဝင်ပြီး၊ ကျန်ပမာဏကို မြန်မာနဲ့ ထိုင်းတို့က ထုတ်လုပ်ပါတယ်။ အဓိက တင်ပို့တဲ့ နိုင်ငံတွေကတော့ မြန်မာ၊ စင်ကာပူ၊ ထိုင်း၊ နယူးဇီလန်၊ ဟောင် ကောင်၊ သီရိလင်္ကာနဲ့ ပါကစ္စတန်တို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ နှစ်စဉ် တန်ချိန် ၅ သိန်းခန့် ထုတ်လုပ်ပြီး၊ ထွက်ရှိမှုရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို တင်ပို့ပါတယ်။ အဓိကစားသုံးတဲ့ နိုင်ငံများကတော့ အိန္ဒိယ၊ တရုတ်၊ ပါကစ္စတန်၊ ဂျပန်နဲ့ ထိုင်းဖြစ်ပြီး၊ အဲဒီနိုင်ငံများရဲ့ တင်သွင်းမှုကတော့ မြန်မာ၊ ထိုင်း၊ စင်ကာပူနဲ့ အိန္ဒိယတို့ဖြစ်ပါတယ်။ ထုတ်လုပ်မှုနဲ့စားသုံးမှု မတ်ပဲစိုက်ပျိုးမှုသက်တမ်းတိုပြီး အိန္ဒိယနိုင်ငံအနှံ့အပြားမှာ စိုက်ပျိုးလို့ အိန္ဒိယနိုင်ငံဟာ အများဆုံး ထုတ်လုပ်သူလည်းဖြစ်သလို အများဆုံး စားသုံးသူလည်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ပဲမျိုးစုံစုစုပေါင်း ထုတ်လုပ်မှုရဲ့ ၁၀ ရာခိုင်နှုန်းကတော့ မတ်ပဲကိုစိုက်ပျိုးထုတ်လုပ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဟက်တာ ၃ ဒသမ ၂၄ သန်းမှာ စိုက်ပျိုးပြီး ပျမ်းမျှထုတ်လုပ်မှုနှုန်း ကတော့ ၁ ဟက်တာကို ၄၆၉ ကီလိုထွက်ရှိပါတယ်။ ၂၀၁၀-၁၁ အတွင်းမှာ မတ်ပဲတန်ချိန် ၁ ဒသမ ၈၂ သန်းထွက်ရှိ တဲ့ အနက် မိုးရာသီမှာ မတ်ပဲတန်ချိန် ၁ ဒသမ ၄ သန်းနဲ့ တစ်နှစ်လုံးရဲ့ ၇၈ ရာခိုင်နှုန်းထုတ်လုပ်ပြီး၊ ဆောင်းရာသီမှာတန်ချိန်သုညဒသမ ၄၂ သန်း ထုတ် လုပ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်အတွင်း အိန္ဒိယနိုင်ငံက ပျမ်းမျှထုတ်လုပ်မှုတန်ချိန်၁ ဒသမ ၄သန်းခန့်ရှိပါတယ်။အိန္ဒိယမှာ မတ်ပဲ အဓိက ထုတ်လုပ်တဲ့ ပြည်နယ်များကတော့ အင်ဒရာပရာဒေ့ရှ်၊ မဟာ ရပ်ရှတရာ၊ မဒ္ဒရာပရာဒေ့ရှ်၊ တမီနာဒူးနဲ့ ဥတ္တပရာဒေ့ရှ်တို့ဖြစ်ပါတယ်။ ဘီဟာမှာ ၁ ဟက်တာကီလို ၈၀၀နဲ့ အမြင့်ဆုံးထွက်ရှိပြီး၊ အတ္တ ရာဟန်းမှာ ၁ ဟက်တာ ၇၈၆ ကီလို၊ အနောက်ဘင်ဂေါမှာ ၁ ဟက်တာ ၇၁၄ ကီလိုထွက်ရှိပါတယ်။ အင်ဒရာပရာဒေ့ရ်ှပြည်နယ်က နိုင်ငံစုစုပေါင်း ထုတ်လုပ်မှုရဲ့ ၁၉ ရာခိုင်နှုန်းခန့် ထုတ်လုပ်နိုင်ပြီး၊ အဲဒီနောက်မှာ မဟာရပ်ရှတရာနဲ့ မဒ္ဒရာပရာဒေ့ရှ်တို့က ၁၅ ရာခိုင်နှုန်းနဲ့ ၁၃ ရာခိုင်နှုန်း အသီးသီး ထုတ်လုပ်နိုင်ပါတယ်။ အိန္ဒိယမှာ အဓိက ကုန်သွယ်ရေး စင်တာများကတော့ မွန်ဘိုင်း၊ ဂျယ်ဂွန်၊ ဒေလီ၊ ဂူအန်တာ၊ ချန်နိုင်း၊ အာကိုလာ၊ ဂူဘာကာနဲ့ လတ္တာတို့ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ မတ်ပဲဈေးနှုန်းကို ပြည်တွင်းထုတ်လုပ်မှုက ထိန်းချုပ် ထားပြီး၊ မြန်မာနိုင်ငံ ပေါက်ဈေးကလည်း လွှမ်းမိုးနေပါတယ်။ ပဲအများဆုံး စားသုံးတဲ့ အိန္ဒိယဟာ ကမ္ဘာမှာ ပဲပြုပြင်ထုတ်လုပ်မှု အကြီးမားဆုံးလဲ ဖြစ်ပါတယ်။ ၂၀၀၉-၂၀၁၀ မှာမတ်ပဲတန်ချိန် သုညဒသမ၇၁ သန်းတင်သွင်းခဲ့ တာကြောင့် ယခင်တစ်နှစ် တင်သွင်းမှုထက် ၆၀ ရာခိုင်နှုန်း ပိုမိုနေပါတယ်။ အိန္ဒိယ မတ်ပဲလိုအပ်ချက် ၈၅ ရာခိုင်နှုန်းနီးပါးကို အဓိကအား ဖြင့် မြန်မာနိုင်ငံက တင်သွင်းပြီး၊ အဲဒီနောက်မှာ စင်ကာပူနဲ့ ထိုင်းတို့က တင်သွင်းပါတယ်။ ထုတ်လုပ်မှု တိုးတက်ခြင်း ပဲမျိုးစုံထုတ်လုပ်မှု တိုးတက်ဖို့ရာမှာ စိုက်ပျိုးရေးဆိုင်ရာ မူဝါဒဟာ အဓိက အရေးပါပါတယ်။ ကန်ပါမှာ ရှိတဲ့ အိန္ဒိယပဲမျိုးစုံ သုတေသန တက္ကသိုလ်ဟာ ပဲမျိုးစုံသုတေသနနဲ့ ထုတ်လုပ်မှုစွှမ်းအားအတွက် အကြီး မားဆုံး အဖွဲ့အစည်းဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ်အတွင်း ပဲမျိုးစုံနဲ့ ဆီ ထွက် သီးနှံ ထုတ်လုပ်မှုတိုးမြှင့်ဖို့ မိုးရေခံဒေသမှာ ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံ စိုက်ခင်းပေါင်း ၆၀၀၀၀ ဖွဲ့စည်းဖို့ ယခုဘဏ္ဍာနှစ်အတွင်း အစိုးရက ရူပီးသန်း၁၀၀၀ (ကန်ဒေါ်လာ၂၀ ဒသမ၄၃ သန်း)ထောက်ပံ့ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ မတ်ပဲကို ပမာဏများစွာ တင်သွင်းနေရတာ ကြောင့်လက်ရှိမှာမတ်ပဲတင်သွင်းခွန်မရှိတဲ့ ကုန်သွယ်ရေးမူဝါဒ အပြောင်း အလဲများနဲ့ အစိုးရက ထိန်းချုပ်နေပါတယ်။ ပုဂ္ဂလိက ကုန်သည်များက ကုန်သွယ်မှုကို ချုပ်ကိုင်ထားတဲ့အတွက် MMTC၊ STC၊ PEC နဲ့ Nafed တို့လို အစိုးရအေဂျင်စီများဟာ ၂၀၀၇ ခုနှစ်ကစပြီးပဲမျိုးစုံ တင် သွင်းခဲ့ပါတယ်။ ၂၀၁၁-၂၀၁၂ အတွင်း အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်းကိုလည်း ယခင်နှစ်ထက် ၁၃ရာခိုင်နှုန်းတိုးမြင့်ပြီး၊ တစ်တန် ရူပီး ၂၉၀၀၀ (ကန်ဒေါ်လာ ၅၉၃)မှ ရူပီး ၃၃၀၀၀ (ကန်ဒေါ်လာ ၆၇၄)ကို တိုးမြှင့်ခြင်းဖြင့် ထုတ်လုပ်မှုတိုးတက်အောင် ဆောင်ရွက်နေပါတယ်။ အိန္ဒိယလို သတ်သတ်လွတ် စားသုံးမှုများတဲ့ နိုင်ငံအတွက် ပဲဟာ အဓိကကျပါတယ်။ လွန်ခဲ့တဲ့ ၁၀ စုနှစ်အတွင်း အိန္ဒိယပဲမျိုးစုံ ထုတ်လုပ်မှုဟာ တန်ချိန် ၁၃- ၁၅ သန်းဝန်းကျင်ရှိပြီး၊ ပြည်တွင်းစားသုံးမှုဟာ တန်ချိန် ၁၈ သန်း - ၁၉ သန်းရှိနေပါတယ်။ မကြာသေးခင်နှစ်များအတွင်း အထွက်နှုန်းမြင့် မျိုးစေ့များ ရရှိ ခြင်းနဲ့ MSP ဈေးနှုန်းတိုးမြှင့်ခြင်းတို့ကြောင့် မတ်ပဲထုတ်လုပ်မှု တိုးတက်ခဲ့ပေမယ့် တိုးတက်နေတဲ့ ပြည်တွင်းဝယ်လိုအား ပြည့်မီဖို့ သင့်တော် တဲ့ မူဝါဒများပိုမို လိုအပ်နေပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ စိုက်ဧက တိုးမြင့်ခြင်း၊ မျိုးစေ့အသစ်များအတွက်သုတေသနလုပ်ငန်းများပိုမို လို အပ်ခြင်းနဲ့ပိုမိုလျင်မြန်တဲ့သတင်းအချက် ဖြန့်ဝေပေးခြင်းတို့အပြင် မတ်ပဲ ထုတ်လုပ်မှု တိုးတက်အောင် ရေရှည်နည်းဗျူဟာများ ချမှတ်ဖို့လို နေပါတယ်။ အိန္ဒိယပြည်တွင်း ပဲမျိုးစုံ ဖူလုံမှုကို အထောက်အပံ့ဖြစ်စေဖို့ ပြည် တွင်းမှာရောအိမ်နီးချင်း မြန်မာနိုင်ငံနဲ့အာဖရိကနိုင်ငံတို့မှာလည်း ကန်ထရိုက်လယ်ယာစနစ်၊ပူးပေါင်းလယ်ယာစနစ်များတို့နဲ့ ပုဂ္ဂလိကများက ပါဝင်မှု တိုးမြင့်ဖို့လိုအပ်ပါတယ်။ ယမင်းရွှေစင်၊ Source:VES Bank
Background