Main menu

Background

လက်ကျန်နည်းပြီး ရောင်းချမှုပါးတာကြောင့် အိန္ဒိယကုလားပဲ အမြင့်ဈေးနဲ့ဖွင့်

Sun, 11/20/2011 - 07:51 -- Anonymous (not verified)

                     လက်ငင်းဈေးကွက်များမှာ ရောင်းချမှုပါးတာကြောင့် ကုလားပဲကြိုပွိုင့်ဈေး နိုဝင်ဘာလ ၁၆ရက်မှာ ဈေးအနိမ့်နဲ့ဖွင့်ခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်းလှောင် လက်များ လက်ထဲမှာ လက်ကျန်နည်းတာကြောင့် ဈေးမြင့်တက်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ဆောင်းပဲမျိုးစုံ စိုက်ဧက ပိုမိုတဲ့သတင်းများက ဈေးနှုန်းမြင့်တက်မှု ကို ကန့်သတ်စေနိုင်ပါတယ်။                        NCDEX  မှာ နိုဝင်ဘာလ ကုလားပဲစာချုပ်ဈေးဟာ သုည ဒသမ ၉၉ ရာခိုင်နှုန်း ပိုလာပြီး တစ်တန် ရူပီး ၃၅၄၀၀ (ကန်ဒေါ်လာ ၆၉၃)ဈေးရှိခဲ့ပါတယ်။ ဆောင်းပဲရဲ့ MSP ဈေးနှုန်း ၃၃ ရာခိုင်နှုန်း တိုးမြင့်လိုက်ခြင်းကလည်း ကာလလယ် အတွင်း ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ မြန်မာ၊ သြစတြေးလျနဲ့ ကနေဒါတို့လို အခြားပဲထုတ်လုပ်နိုင်ငံများမှာ ရာသီဥတု ဆိုးဝါးတဲ့အတွက် ပဲမျိုးစုံ ထုတ်လုပ်မှု ကျဆင်းဖွယ်ရှိတယ်လို့ သိရပါတယ်။ လာမယ့်လများမှာ အိန္ဒိယတင်သွင်းပဲ ဈေးကြီးမြင့်ဖွယ်ရှိခြင်းက လည်း ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ မဟာရပ်ရှတရာစိုက်ပျိုးရေးဌာနရဲ့ နောက်ဆုံးစာရင်းအရ ဆောင်းပဲမျိုးစုံစိုက် ဧရိယာဟာ ယခင်နှစ်ကာလတူ စိုက်ခဲ့တဲ့ ဟက်တာ ၁ ဒသမ ၅၂ သိန်းထက် ၅၆ ရာခိုင်နှုန်း ပိုမိုပြီး၊ ဟက်တာ ၂ ဒသမ ၃၈ သိန်းရှိပြီလို့ သိရပါတယ်။ စိုက်ပျိုး ရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးစာရင်းအရ နိုင်ငံရဲ့ စုစုပေါင်း ပဲစိုက်ဧရိယာဟာ ယခင်နှစ် ကာလတူ ဟက်တာထက် ၁၂၂ ရာခိုင်နှုန်းပိုမိုပြီး၊ ဟက်တာ ၄၅ ဒသမ ၀၇ သိန်း စိုက်ပျိုးပြီးသွားပြီလို့ သိရပါတယ်။ ယမင်းခင်၊Source: commodilyonliy