ယခုလ နောက်ဆုံးပတ်အတွင်း ရန်ကုန်မြို့တွင် ကားရောင်းဝယ်ရေး စခန်း (ပွဲစားတန်း) များအတွင်း ကား သစ်၊ ကားသန့်များ ဝင်ရောက်မှုများ လာကြောင်းသိရသည်။ ယာဉ်အို ယာဉ်ဟောင်းနှင့် အသစ်လဲလှယ်ရေး အစီအစဉ်အရ ပြည်ပမှ ကားသစ်များ တ ဖြည်းဖြည်း ရောက်ရှိမှုများလာသဖြင့် အပေါ်ဝိုင်းတွင် အက္ခရာ (၆ဂ) ထွက် ကားသန့်များ အရောင်းအဝယ်ရှိလာပြီး မျက်မြင်ရောင်းချမှုများလာကြောင်း သိရသည်။ မျက်မြင်အရောင်းမှာ ကြိုပွိုင့် ထက် ဈေးပိုသော်လည်း ကားအဆင့် အတန်းလက်တွေ့ သိရှိရသဖြင့် လူအများ ပိုလက်ခံသော်လည်း ဝယ်သူအများစုမှာ ပြည်ပတင်သွင်းဈေး ခန့် မှန်းကုန်ကျစရိတ်များ သိရှိထားသဖြင့် ခေါ်သလောက်မပေးလိုကြဘဲ ဈေးရင်းထက် ၃၀ သိန်း ၄၀ သိန်းသာ ပေး နိုင်ကြသဖြင့်ထင်သလောက်အရောင်း အဝယ်မကောင်းလှကြောင်း၊ သို့သော် တင်သွင်းလာသောကားသစ်များထံမှ မတ်(ခ်)တူးရွှေငါး၊ ပါဂျဲရိုး (ဖားပြုပ်) ဟာရီယာကားများသာ လူကြိုက်များကြပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ကားသစ်တင်သွင်းရန် ခွင့်ပြုမှု အစီအစဉ်များမှလည်း ပိုများလာပြီး သက်ဆိုင်ရာဌာနများမှလည်း နိုင်ငံခြား ဝင်ငွေရပြည်ပရောက်အလုပ်သမားများအား ရရှိဝင်ငွေ အဆင့်ခွဲကာ ကားတင်သွင်းခွင့်ပြုခြင်း၊ ပြည်ပပို့ကုန် ဝင်ငွေ ရရှိကုမ္ပဏီများသာမက ပြည်ပမှသွင်းကုန်တင်သွင်းသည့် ကုမ္ပဏီများအား တင်သွင်းမှုတန်ဖိုးနည်း/များ သတ်မှတ် ကာ ယာဉ်တင်သွင်းခွင့်ပြုမှုများရှိလာ ကြောင်းသိရသဖြင့် လက်ရှိကားဈေး ကွက်မှာ ယခင်ကကဲ့သို့ ရောင်းချသူ ဈေးကွက်မဖြစ်တော့ကြောင်း ဝါရင့်ယာဉ်ဝယ်ရောင်းများမှ သုံးသပ်ပြော ဆိုသည်။ ဒီဇင်ဘာ ၄ ရက်မှ ၁၀ ရက် အတွင်း ဂျပန်၊ တရုတ်၊ စင်ကာပူ၊ ထိုင်း နိုင်ငံဆိပ်ကမ်းအသီးသီးမှ လူစီးယာဉ် ငယ်နှင့် ဘတ်(စ်)ကားများ တင်သွင်းလာသော ကားတင်သင်္ဘော တစ်စင်း အပါအဝင် သင်္ဘောသုံးစင်းခန့်ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်မည်ဖြစ်ပြီး စီး ရေ ၂၆၀၀ ခန့်ပါဝင်မည်ဟု သတင်း ထုတ်ပြန်ချက်အရ သိရှိရသဖြင့် ကားသစ်များ အရောင်းအဝယ်ရှိနေသော် လည်း ဈေးကွက် ဒီထက်ပိုအေးနိုင် ကြောင်း အပေါ်ဝိုင်းအကျိုးဆောင် ကိုမြင့်ကျော်မှ ပြောသည်။ နိုဝင်ဘာ ၂၉ ရက်ထုတ် သတင်း စာပါ ယာဉ်အိုယာဉ်ဟောင်းအပ်နှံရေး အစီအစဉ်အရ (ည) အက္ခရာယာဉ်များ အား နိုဝင်ဘာ ၃၀ရက်မှစ၍ သတ်မှတ် နေရာများတွင် အပ်နှံခွင့်ပြုမည်သိရသဖြင့် အိုဟောင်းဈေးကွက်များမှာ ပထမ အဆင့်အပ်နှံစဉ်ပါရှိ စ၊ဆ၊ဇ အသုတ် များကဲ့သို့ အရောင်းအဝယ်မကောင်း လှဘဲ အဝယ်ကျဲသွားကြောင်း သိရ သည်။ SN
Background
