ယာဉ်အိုယာဉ်ဟောင်း အပ်နှံထားသူများအနေနဲ့ ကားဝယ်ယူခွင့်ပါမစ်ဖြင့် ကားဝယ်ယူရာမှာ အဆင်ပြေစေရန်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်စစ်ဆေးရေးကော်မတီမှ ကြီးကြပ်စစ်ဆေးပြီး မော်တော်ယာဉ်အရောင်း စင်တာ ဖွင့်ခွင့်ပြုမှာဖြစ်ကြောင်း စစ်ဆေးရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မော်တော်ယာဉ်အရောင်းစင်တာများကို နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့များမှာ ဖွင့်ခွင့်ပြုမှာဖြစ်ကြောင်း၊ မန္တလေးမြို့မှာ Sandrar Services Co.,Ltd မှ မင်းသားကြီးဟိုတယ်ဝင်းအတွင်း ဖွင့်လှစ်မှာဖြစ်လို့ မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး၊ မန္တလေးတိုင်းဒေသကြီး မန်နေဂျာဦးဆောင်၍ အဖွဲ့ဝင် ခုနစ်ဦးဖြင့် ကြီးကြပ်စစ်ဆေးမှာဖြစ်ကြောင်း သိရပါတယ်။ " မန္တလေးမှာ မော်တော်ယာဉ်အရောင်းစင်တာအနေနဲ့ Sandrar Services Co.,Ltd တစ်ခုပဲရှိသေးတယ်။ ကားတွေမရောက်ရှိသေးဘူး။ မော်တော်ယာဉ် ကားအရောင်းစင်တာရဲ့ အင်္ဂါရပ်နဲ့ညီညွတ်မှုရှိလား၊ စင်တာနေရာက ကားအစီးရေ ၅၀ အနည်းဆုံးထားရှိနိုင်တဲ့ နေရာအကျယ်အဝန်းရှိရဲ့လား၊ ခင်းကျင်းပြသထား နိုင်တဲ့ အခြေအနေရှိလား။ ဝယ်ယူသူတွေအတွက် အဆင်ပြေစေဖို့ရောင်းချမယ့် ကားနဲ့ပတ်သက်ပြီး စည်းကမ်းချက်များနဲ့ ညီရဲ့လားဆိုတာ စိစစ်ပြီးဆောင်ရွက် သွားမယ်"ဟု လယ်ယာထွက်ကုန်တိုင်းမန်နေဂျာက ပြောပါတယ်။ ဇူးဇူး
Background