Main menu

Background

မန္တလေးမြို့ မင်းသားကြီး ဟိုတယ်ဝင်းအတွင်း၌ Sandrar Service Co.Ltd မှ မော်တော်ကားအရောင်းစင်တာဖွင့်လှစ်ရန်ပြင်ဆင်လျက်ရှိ

Mon, 12/05/2011 - 09:30 -- Anonymous (not verified)

                         မန္တလေးမြို့၊ မင်းသားကြီး ဟိုတယ်ဝင်းအတွင်း၌ Sandrar Service Co.Ltd  မှ မော်တော်ကားအရောင်း စင်တာဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်းသိရပါတယ်။ မော်တော်ကားအရောင်းစင်တာကို ဒီဇင်ဘာလအတွင်း ဖွင့်လှစ်နိုင်ရန် ပြင်ဆင်လျက်ရှိပြီး ဖွင့်လှစ်ခွင့်ရပါက အမြန်ဆုံး ဖွင့်လှစ်သွားရန်စီစဉ်နေကြောင်းသိရပါတယ်။ Sandrar Service Co.Ltd မှ မန်နေဂျာ ဦးစိုးသိန်းက"ကုမ္ပဏီက ကား ၁၃၇ စီးသွင်းလာတယ်။ စင်တာဖွင့်လှစ်ခွင့်ရတာနဲ့ ရန်ကုန်နဲ့ မန္တလေးမြို့များမှာ ဖွင့် လှစ်သွားမယ်။ လောလောဆယ် အိမ်စီးကားတွေပဲသွင်း လာတယ်။ ဂျပန်နိုင်ငံ၊ ယိုကိုဟားမားက တိုက်ရိုက်သွင်း လာတာ။ မော်ဒယ်က ၁၉၉၆-၂၀၀၂ ခုနှစ်ထုတ် တိုယို တာ၊ နစ်ဆန်း၊ ဟွန်ဒါအမျိုးအစားတွေပါမယ်။ ခုဈေး ကွက်အနေအထားကို စောင့်ကြည့်ပြီးမှ နောက်ပိုင်းကား အစုံတင်မယ်။ ဂျပန်ကားကို ပြည်တွင်းကကြိုက်ပြီးသားဖြစ်တဲ့အတွက် ဂျပန်ကားသွင်းတာ။ ဂျပန်ကားရဲ့ ဖွဲ့စည်းတည်ဆောက်ပုံရော စက်အစိတ်အပိုင်းရောက ပြည်တွင်းကကြိုက်ပြီးသားဖြစ်တဲ့အတွက် ဂျပန်ထုတ်ကားပဲ သွင်းမယ်" လို့ ပြောပါတယ်။                  လတ်တလောတွင် Sandrar Service Co.Ltd မှ အိမ်စီးကားများ တင်သွင်းရောင်းချရန် စီစဉ်လျက်ရှိပြီး  Truck ကားများလည်း တင်သွင်းရောင်းချရန် အစီအစဉ်ရှိကြောင်း၊ ရောင်းချတဲ့ပုံစံက ကားဝယ်ခွင့်ပါမစ် ရပါက ဘဏ်တွင် အမေရိကန်ဒေါ်လာ ၅၀၀၀ သွင်း၍ ဝယ်ယူနိုင်မှာဖြစ်ကြောင်း၊ နောက်ပိုင်းတွင် မြန်မာငွေနဲ့ ညီမျှတဲ့ ကျပ်ငွေဖြင့်သာ ပေးသွင်းလို့ရအောင် စီစဉ်သွား မှာဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောပါတယ်။ Sandrar Service Co.Ltd မှ မော်တော်ယာဉ် အရောင်းစင်တာဖွင့်လှစ်ခွင့်ရရှိပါက ရန်ကုန်မြို့တွင် အမှတ် ၇၉၊ ရပ်ကွက် ၈၊ အုတ်ပုံဆိပ်လမ်း၊ မရမ်းကုန်း မြို့နယ်၊ ဖုန်း/ဖက်စ် ၀၁-၆၅၆၂၉၇၊ e.mail- sandrar 999.co@ gmail.com နဲ့ မန္တလေးမြို့တွင် ရန်ကုန်မန္တလေး လမ်းမကြီးအရှေ့ဘက်ရှိ မင်းသားကြီးဟိုတယ် ဝင်းအတွင်းဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိကြောင်းသိရပါတယ်။ ဇူးဇူး