ဟင်္သာတပဲဈေးကွက်ရဲ့ မတ်ပဲဈေးဟာ ယခင်တစ်ပတ်ထက်ဈေးအနည်းငယ် မာလာတာတွေ့ရပါတယ်။ ယခင်တစ်ပတ်က မတ်ပဲတစ်တင်းကို ၁၃၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်ပဲတစ်တင်းမှာ ၁၄၂၀၀ကျပ်ဈေးနဲ့ အရောင်း မှာလည်း ယခင်အပတ်ထက် ပိုလာတာတွေ့ရပါတယ်။ မြို့တွင်းဝယ်လက်ကလည်း ဈေးအနည်းငယ်လှုပ်လာမှုပေါ်မူတည်ပြီး ထုတ်ရောင်းလာကြတဲ့အတွက် တစ်နေ့ကို အိတ် ၅၀၀ ခန့် အရောင်း အဝယ်ရှိပြီး၊ ရန်ကုန်ဝယ်လက်လည်း အဝယ်ပုံမှန်ရှိတာ ကြောင့် ဘုရင့်နောင်ဈေးကွက်ကို ပဲစီးဆင်းမှုမှာ နေ့စဉ်အိတ် ၅၀၀ ခန့် တင်ပို့နိုင် တယ်လို့သိရပါတယ်။ အေးအေးခိုင်
Background