ဒီဇင်ဘာလ ဒုတိယပတ်အစပိုင်းရက်မှာ ပြည်မတ်ပဲဈေးကွက်အနေဖြင့် တစ်တင်းကို ၁၄၂၀၀ ကျပ်ဈေးရှိခဲ့ပြီး၊ ယခုရက်မှာတော့ ၁၃၈၀၀ ကျပ်ဈေးသာ ရှိတယ်လို့သိရပါတယ်။ မြို့တွင်းရောင်ဝယ်မှုနည်းပြီး၊ ရန်ကုန်ဝယ်လက် ရောင်း ဝယ်မှုသာရှိခဲ့ပါတယ်။ မြို့တွင်းမှာတော့ မျိုးသမားများရောင်းဝယ်မှုသာရှိပြီး၊ မျိုးပဲ တစ်တင်းကို ၁၆၀၀၀ ကျပ်ဈေးဖြင့် ရောင်းဝယ်မှုရှိခဲ့ပါတယ်။ ပဲကုန်သည်တွေနဲ့ ရန်ကုန် ဝယ်လက် ရောင်းဝယ်မှုကတော့ တစ်နေ့ကို အိတ် ၂၀၀ မှ ၄၀၀ ခန့်အထိ အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြည်မှ ရန်ကုန် ဘုရင့်နောင်ကို ပဲစီးဆင်းမှု အနေဖြင့် တစ်နေ့ကို အိတ် ၁၀၀၀ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။မိမိအေး
Background