Main menu

Background

ပဲလွန်းဖြူတင်ပို့မှုနဲ့ အရောင်းအဝယ် ဆက်ရှိ

Mon, 12/12/2011 - 07:03 -- Anonymous (not verified)

     ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တင်ပို့မှုကတော့ ဆက်လက်ရှိနေပါ တယ်။ ယခင်သီတင်းပတ်က တန် ၁၆၀ တင်ပို့ခဲ့ရာမှ ယခုနိုဝင်ဘာလ ၂၈ရက်မှ ဒီဇင်ဘာ ၂ ရက်အထိတစ်ပတ်အတွင်း မှာတော့ တန်ချိန် ၃၅၃ ကို ပြန်လည် တိုးတက်ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံများ ကတော့ အိန္ဒိယ၊ ကိုရီးယား၊ စင်ကာပူနဲ့ ဗီယက်နမ် တို့ဖြစ်ပါတယ်။ နိုဝင်ဘာလ တစ်လလုံး ပဲလွန်းဖြူတင်ပို့မှုမှာတန်ချိန် ၈၅၅ တန်သာရှိပြီး အောက်တိုဘာလ အတွင်း တန်ချိန် ၁၂၀၀ ကျော်ထိ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။    လက်ရှိဘဏ္ဍာနှစ်  ၂၀၁၁-၂၀၁၂ ဒီဇင်ဘာ ၂ ရက်အထိ ပဲလွန်းဖြူ ပြည် ပ တင်ပို့မှု တန်ချိန် ၁၇၀၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၁၆၇၀၀ ကျော် တင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ FOB ဈေးကွက်မှာ အရောင်း အဝယ်ဖြစ်မှုအနေနဲ့ ဒီဇင်ဘာလ ၂ရက် မှ ၈ ရက်အတွင်း တန်ချိန် ၁၁၂ တန် အရောင်းအဝယ် စာချုပ်နိုင်ခဲ့ တယ်လို့ သိပါတယ်။ FOB ဈေးအနေနဲ့ ယခင် သီတင်းပတ်ဈေးအတိုင်း ပြောင်းလဲမှု မရှိဘဲ ဒီဇင်ဘာလ ၉ ရက်မှာ ပဲလွန်းဖြူ FAQ တစ်တန် ကန်ဒေါ်လား ၇၉၀-၈၁၀ နဲ့ SQ တစ်တန် ကန် ဒေါ်လာ ၉၁၀-၉၂၀ ရှိကြောင်း သိရပါတယ်။MIRT(MAPT)