Main menu

Background

မြေထောက်ပဲတင်ပို့မှု နည်းပေမယ့် အရောင်းအဝယ်ပိုဖြစ်

Mon, 12/12/2011 - 07:22 -- Anonymous (not verified)

    ယခုတစ်ပတ်အတွင်း ပင်လယ်ရေကြောင်းက မြေထောက်ပဲ တင်ပို့မှုလျော့ပေ မယ့် FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်တဲ့ ပမာဏတော့ ပိုလာတာတွေ့ရ ပါတယ်။ ယခင်သီတင်းပတ်က မြေထောက်ပဲ ၈၄ တန် တင်ပို့မှုရှိခဲ့ပြီး ယခုသီတင်း ပတ်မှာ စင်ကာပူကို တန်ချိန် ၄၇ သာလျော့ကျတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခုသီတင်းပတ် ထောပတ်ပဲတင်ပို့မှု မရှိကြောင်း သိရပါတယ်။     ၂၀၁၁ -၂၀၁၂ ဘဏ္ဍာနှစ် ဒီဇင်ဘာလ ၂ ရက်နေ့အထိ တင်ပို့ပြီးစီးမှုအနေနဲ့ မြေထောက်ပဲ တန်ချိန် ၉၆၀၀ ကျော်နဲ့ ထောပတ်ပဲတန်ချိန် ၁၂၀၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ မြေထောက်ပဲ တန်ချိန် ၇၅၀၀ နဲ့ ထောပတ်ပဲ တန်ချိန် ၈၈၀၀ ကျော်တင်ပို့မှုရှိခဲ့တယ်လို့ သိရပါတယ်။ FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ဒီဇင်ဘာလ ၂ ရက်မှ ၈ ရက်အတွင်း မြေထောက်ပဲ တန်ချိန် ၂၀၄နဲ့ ထောပတ်ပဲ ၂၀၇ တန် အရောင်းအဝယ် စာချုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၉ ရက် FOB ဈေးအနေနဲ့ မြေထောက်ပဲ  FAQ တစ်တန် ကန်ဒေါ်လာ ၇၄၀-၇၆၀ နဲ့ ထောပတ်ပဲ FAQ  တစ်တန် ကန်ဒေါ်လာ ၇၃၀-၇၅၀ အသီးသီးရှိကြောင်း သိရပါတယ်။              MIRT(MAPT)