Main menu

Background

အရောင်းအဝယ်အနည်းငယ် အေးသွားတဲ့ ပြည်ချင်း

Mon, 12/12/2011 - 07:27 -- Anonymous (not verified)

    ယခုတစ်ပတ်မှာတော့အောင်ပန်းဘက်မှချင်းများ ပိဿာ ၃၀ ဝင် အိတ် ၃၀၀ ခန့်သာ အဝင်ရှိလို့ ယခင်အပတ်ထက် အဝင်နည်းနေပါတယ်။အောင်ပန်းဈေးကွက် တွင် ချင်းဈေးမှာ တစ်ပိဿာ ၄၅၀-၅၀၀ ကျပ်ရှိပြီး၊ ချင်းစိုက်တောင်သူများနဲ့ ရောင်းဝယ်သူများမှ အထွက်အားလုံးစုံပြီး၊ ယခုဈေးထက် နိမ့်မသွားခင် ဈေးကောင်း ရနေတုန်း ပိုမိုတင်သွင်းမှုများရှိရာ ပြည်ပွဲရုံများမှလည်း ချင်းလက်ကျန်များ ရှိနေ သေးတဲ့အတွက် မှာယူမှုနည်းသွားကြောင်းလည်း သိရပါတယ်။ ယခုတစ်ပတ် ပြည် ချင်းဈေးကွက်အတွင်း ပစ္စည်းအရည်အသွေး ကောင်းပေမယ့် ချင်းအရောင်း အဝယ်မှာ အနည်းငယ်အေးသွားကြောင်း သိရပါတယ်။ ယခင်အပတ်မှာ တစ်နေ့ကို ပျမ်းမျှပိဿာချိန် ၆၅၀ ခန့်အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခုလက်လီ၊ လက်ကား ရောင်းဝယ်သူများ၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့ကို တင်ပို့မှုအပါအဝင် ပိဿာချိန် တစ်နေ့ ပျမ်းမျှ  ၄၅၀ ခန့်ရှိကြောင်း သိရပါတယ်။ ချင်းဓားလှီးမှာ ယခင်အပတ်ထက် ဈေးကျပြီး တစ် ပိဿာကို ၈၅၀ ကျပ်၊ ချင်းတက်မှာ တစ်ပိဿာ ကို (ရှယ်) ၈၅၀ ကျပ်၊ (ဂျွန်) ၆၅၀-၇၀၀ ကျပ်တို့ဖြစ်ပြီး ယခင် အပတ်ဈေးအတိုင်း မပြောင်းလဲဘဲ ရှိနေတာ တွေ့ရပါတယ်။                                                      ဝင်းလဲ့ဝါ