Main menu

Background

ပန်းသီးတန် ၅၀၀ ကျော် အသွင်းပို

Mon, 12/12/2011 - 09:17 -- Anonymous (not verified)

    နိုဝင်ဘာ ၃၀ မှ ဒီဇင်ဘာ ၆ ရက်အထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ ပန်းသီး ၁၅၇၁ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၇၀၇ သန်းဖိုးနဲ့ ကန်ပိုက်တီး နယ်စပ်စခန်းကနေ ၁၂ တန်၊ တန်ဖိုး ဒေါ်လာ ၅၄၀၀ ဖိုး တင်သွင်းခဲ့တာ တွေ့ရပါတယ်။     ယခင်အပတ်ထက် တန် ၅၀၀ ခန့် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ယခုတစ်ပတ် မှာတော့ အိန္ဒိယနယ်စပ် တမူးစခန်းကနေ ပန်းသီးဖာ ၃၂၀၀၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်း တင်ပို့ခဲ့တာ တွေ့ရပါတယ်။                                 MIRT(DOBT)