၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁၈ ရက်နေ့မှစပြီး မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား ပိတ်ခဲ့တာကြောင့် ၁ နှစ်နဲ့ ၅ လအကြာ ၂၀၁၁ ဒီဇင်ဘာလ ၅ ရက်နေ့မှာ တံတားပြန်လည်ဖွင့်လှစ်ပြီး ကုန်သွယ်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်။ မြဝတီစခန်းဟာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ပြီးရင် ဒုတိယအများဆုံး ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင် ရွက်နိုင်တဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း ဖြစ်ပါတယ်။ အဓိကပို့ကုန်တွေကတော့ ရေထွက်ကုန် (ရေငံငါး၊ ငါးမျိုးစုံ၊ ဂဏန်း၊ ရေချိုပုစွန်) လယ်ယာထွက်ကုန် ပဲအမျိုးမျိုး (ဘိုကိတ်ပဲ၊ မတ်ပဲ)၊ သတ္တုတွင်းထွက် ခနောက်စိမ်းနဲ့ လူသုံးကုန် (ကော်ဖီမစ်၊ နနွင်းတက်၊ ထန်းလျက်၊ အမွှေးတိုင်၊ ကွမ်းသီး၊ ခေါက်ဆွဲခြောက်) အစရှိတဲ့ ပစ္စည်းတွေဖြစ်ပြီး အဓိကသွင်းကုန်တွေကတော့ ဆောက်လုပ်ရေးသုံး ပစ္စည်းများ၊ ပုံနှိပ်စက္ကူများ၊ ပိုက်များ၊ ကားတာယာများနဲ့ အိမ်သုံးလူသုံးပစ္စည်းအမျိုးမျိုးတို့ ဖြစ်ကြပါတယ်။ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ နှစ်အလိုက် ပို့ကုန်သွင်းကုန်ဆောင်ရွက်မှုတွေကတော့- ဒေါ်လာ (သန်း) ဘဏ္ဍာနှစ် ပို့ကုန် သွင်းကုန် ကုန်သွယ်မှုပမာဏ ၂၀၀၆-၂၀၀၇ ၆၁.၀၂၀ ၉၅.၀၇၀ ၁၅၆.၀၉၀၂၀၀၇-၂၀၀၈ ၅၂.၀၅၀ ၇၅.၀၉၀ ၁၂၇.၁၄၀၂၀၀၈-၂၀၀၉ ၃၉.၄၃၀ ၁၁၈.၈၄၀ ၁၅၈.၂၇၀၂၀၀၉-၂၀၁၀ ၃၃.၂၀၀ ၇၅.၃၇၀ ၁၀၈.၅၉၀၂၀၁၀-၂၀၁၁ ၁၀.၄၇၀ ၃၂.၅၃၀ ၄၃.၀၀၀ မြဝတီစခန်းမှာ မြဝတီကုန်သွယ်ရေးဇုန်ကိုလည်း ဖွင့်လှစ်ဆောင်ရွက်နေပြီဖြစ်တာကြောင့် ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်ချိန်မှာ ကုန်သွယ်မှု တစ်ရှိန်ထိုးတိုးတက်လာဖို့အတွက် အားသွန်ကြိုးပမ်း ဆောင်ရွက်တော့မှာဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။ MIRT(DOBT)
Background