မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်ကနေ ပရဆေး ၃၆၉ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၈၂၆ သန်းကို နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၆ ရက် အထိကာလအတွင်း တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ယခင် အပတ်က တန် ၄၀၀ ကျော်တင်ပို့ခဲ့တာကြောင့် တန် ၅၀ ခန့် အပို့လျော့ခဲ့တာတွေ့ရပါတယ်။ တင်ပို့တဲ့အမယ်များ ကတော့ ချဉ်ပေါင်ဖာလာ (အခွံပါ) ၉၉ တန်နီးပါး၊ ချဉ်ပေါင် ဖာလာ (အခွံမပါ) ၁၃တန်၊ ဆီးဆံ ၈၁ တန်၊ တောဂျူးမြစ် ၈ တန်၊ မိကျောင်းကွမ်းဖတ်စေ့ ၆၁ တန်၊သီဟိုဠ်စေ့ (အခွံမပါ) ၆၉ တန်၊ ကြောင်လျာစေ့ ၃ တန်ကျော်၊ တောဂျင်း ၃ တန်နီးပါး၊ အုံတုံခေါက် ၁၁ တန်နဲ့ ဒရင်ကောက်မြစ် တန် ၂၀ နီးပါးတို့ ဖြစ်ပါတယ်။ ယခုတပတ်မှာ တောဂျင်း၊ ကြောင် ပန်းစေ့၊ ရှားစေး၊ ဆေးမြင်းခွာ၊ တောင်လုံးကျော်နဲ့ တောင် ထန်းတို့ အပို့မရှိတာကြောင့် တင်ပို့မှု ကျဆင်းခဲ့တာဖြစ်ပါ တယ်။ တမူးနယ်စပ်ကတော့ တောင်လုံးကျော်၊ ဖာလာ၊ ဇာတိဖ္ပိုလ်သီးနဲ့ ရှိန်းခိုစုစုပေါင်း ၅ ဒသမ ၅၂ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၃၅၁ သန်းဖိုး တင်သွင်းခဲ့ပြီး ယခင် အပတ်ထက် တင်သွင်းမှု လေးဆခန့် ပိုမိုခဲ့တာ တွေ့ရ ပါတယ်။MIRT(DOBT)
Background