နိုဝင်ဘာလ ၃၀ မှ ဒီဇင်ဘာ ၆ ရက်အထိ ကာလ အတွင်း မြန်မာတရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်စခန်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တောစခန်းကနေ ရေထွက်ကုန် ၃၀၄ ဒသမ ၇၁၈ တန်၊ တန်ဖိုး ကန်ဒေါ် လာ ၁ ဒသမ ၀၂၉ သန်းဖိုး တင်ပို့ခဲ့တာတွေ့ရပါတယ်။ မူဆယ် နယ်စပ်မှ ငါးရှဉ့်တစ်မျိုးသာ တင်ပို့နိုင်ခဲ့တာကြောင့် အပို့ကျတာဖြစ်ကြောင်း သိရပါတယ်။ နယ်စပ်အလိုက်တင်ပို့မှု တွေ ကတော့ မူဆယ်မှ ငါးရှဉ့် ၁၂၇ တန်၊ ချင်းရွှေဟော်မှ ငါးရှဉ့် ၃၁ တန်၊ မောင်တောမှ ရေငန်ပုစွန် တန် ၂၀၊ ငါးကုန်း ညိုခြောက် ၆၅ တန်နဲ့ ငါးစုံလေးခြောက် ၃၁ တန်တို့ ဖြစ်ပါ တယ်။ ၂၀၁၁ နိုဝင်ဘာမှာ မူဆယ်နယ်စပ်ကနေ ရေထွက် ပစ္စည်းတင်ပို့နိုင်မှု တန်ချိန် ၃၀၅၇ တန်ကျော်နဲ့ တန်ဖိုး ဒေါ်လာ ၁၀ ဒသမ ၈၂၂ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီလိုတင်ပို့ နိုင်ခဲ့တာကတော့ ကဏန်းနဲ့ ငါးရှဉ့်လေလံဈေးနှုန်းများ ပိုမို ရရှိခြင်း၊ တရုတ်ပြည်ရဲ့ ကဏန်းဈေးကွက် ပိုမိုကျယ်ပြန့်လာ ခြင်းနဲ့ စားသုံးမှုများပြားတာကြောင့် ဈေးပိုမိုရရှိခြင်းတို့အပြင် မန္တလေးဒေသထွက်သာမကကျောက်ဆည်ဒေသထွက် ငါး ရှဉ့်များကိုပါ တင်ပို့နိုင်တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ ငါးရှဉ့်ဈေး အနည်းငယ်တက်ပေမယ့် ကဏန်းဈေး ကျဆင်းသွားတာ တွေ့ရပါတယ်။ ငါးရှဉ့်ဈေး ကတော့ တစ်တန်ကို ကျပ် ၃ ဒသမ ၃၅၄ သန်း၊ ကဏန်း ဈေးတွေကတော့ ၂၅၀ ဂရမ်အထက် တစ်တန်ကို ၂ ဒသမ ၃၅၇ သန်း၊ (၂၀၀-၂၅၀) ဂရမ်ကို ကျပ် ၂ ဒသမ ၂၀၂ သန်း၊ (၁၅၀-၂၀၀) ဂရမ်ကို ကျပ် ၂ ဒသမ ၀၄၈ သန်းနဲ့ (၁၀၀-၁၅၀) ဂရမ်ကို ကျပ် ၁ ဒသမ ၉၃၂ သန်း အသီးသီး ဈေးပေါက်တယ်လို့ သိရပါတယ်။ MIRT(DOBT)
Background