Main menu

Background

အမှန်တကယ်ရင်းနှီးမြှုပ်နှံခြင်းမရှိသူများ၏ ဈေးကစားမှုကြောင့် စက်မှုဇုန်မြေကွက်များ အဆမတန် ဈေးတက်

Mon, 12/12/2011 - 10:03 -- Anonymous (not verified)

     အမှန်တကယ်  ရင်းနှီးမြှုပ်နှံမှုမရှိ သည့် ဝယ်ရောင်းသမားများ၏ ဈေးက စားမှုကြောင့် စက်မှုဇုန်မြေကွက်များ ဈေးနှုန်း  အဆမတန် မြင့်တက်လျက်ရှိ ကြောင်း အိမ်ခြံမြေ ရောင်းဝယ်ရေးဈေး ကွက်အတွင်းမှ  စုံစမ်းသိရှိရသည်။ထိုကဲ့သို့ဖြစ်ရသည်မှာ ဂျာနယ်များ တွင်ဖော်ပြသည့် အိမ်ခြံမြေကိစ္စနှင့်ပတ် သက်သည့် ရင်းနှီးမြှုပ်နှံမှု သတင်းများ ကြောင့်  ငွေရှင်များမှ အိမ်ခြံမြေဘက် တွင် အာရုံစိုက်လာပြီး ဝယ်ယူလာကြ ခြင်းကြောင့်ဖြစ်ရကြောင်း အိမ်ခြံမြေ ဈေးကွက် ကျွမ်းကျင်သူများက သုံးသပ် လျက်ရှိသည်။ယခင်က  စက်မှုဇုန်မြေကွက်များ မှာ စိတ်ဝင်စားသူနည်းပါးခဲ့သော်လည်း  ယခုအခါတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များဝင်လာပြီး အဆိုပါဇုန်များတွင် ဝင် ရောက်လာနိုင်သည်ဟူသည့် မှန်းဆ ချက်များကြောင့် ငွေပင်ငွေရင်းမြှုပ်နှံ နိုင်သူများမှာ အဆိုပါ စက်မှုဇုန်မြေ ကွက်များကို ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့် ဝယ်ရောင်းလုပ်နေကြကြောင်း သိရှိရသည်။စက်မှုဇုန်တွင် ကုန်ပစ္စည်းများထား ရှိရန်အတွက် ဂိုဒေါင်ဆောက်ရန်မြေနေ ရာရှာဖွေနေသူတစ်ဦးက "အရင်တုန်း က ဒီနေရာကို ဘယ်သူမှစိတ်မဝင်စား ကြဘူး။ ဈေးလည်းသိပ်မရှိဘူး။ အခု မေးကြည့်လိုက်တော့ တစ်ဧကကို ကျပ် သိန်း ၂၅၀၀ တောင် ခေါ်နေတယ်။ အလွန်ဆုံးပေးနိုင်မှ ၁၅၀၀ လောက်ပဲ ဆိုတော့  ဘယ်လိုမှ  မတတ်နိုင်ဘူး။  ဒီအတိုင်းပဲ ထားလိုက်ရတယ်။ တချို့က နောက်ဆို ဒီထက်ဈေးတက်ဦးမှာဆိုပြီး မျက်စိစုံမှိတ်ပြီး ဝယ်လိုက်ကြတဲ့သူတွေ လည်းရှိနေကြတော့  ဈေးကို ခေါ်ချင် သလိုခေါ်နေကြတော့တာ။ ဒီအတိုင်း ဆိုရင် ဒီလိုစက်မှုဇုန်တွေမှာ မြေဈေး တွေ တက်နေရင် ရင်းနှီးမြှုပ်နှံမှုအပိုင်း မှာ တော်တော် ဒုက္ခရောက်နိုင်တယ်" ဟု အဆိုပါမြေကွက် လိုက်လံရှာဖွေနေ သူတစ်ဦးက ဆိုသည်။ထိုကဲ့သို့  ဈေးအဆမတန်တက်နေ သော်လည်း  တချို့နေရာများတွင်သာ အလုပ်ဖြစ်နေသော်လည်း အများစုမှာ ခေါ်ဈေးသာရှိပြီး အရောင်းအဝယ်မှာ မဖြစ်သလောက်ရှိကြောင်း သိရသည်။အများစု  အရောင်းအဝယ်ဖြစ်နေ သည်မှာ စက်မှုဇုန်အနီးရှိ ရပ်ကွက်များ အတွင်းမှ မြေကွက်အလွတ်များသာဖြစ် ကြောင်းသိရသည်။       မယ်သီတာ