မူဆယ်မြို့တွင်း နှစ်ဘီးဆိုင်ကယ် ကယ်ရီပိုများလာခြင်းကြောင့် သုံးဘီးဆိုင်ကယ် ကယ်ရီများ အလုပ်ပါး လာကြောင်း သိရပါတယ်။ ရွှေရာဇာသုံးဘီးယာဉ်အသင်းဝင်တစ်ဦးက "ကျွန်တော်တို့အသင်းမှာ အသင်းဝင် ၂၀၀ ကျော်ရှိတယ်။ အသင်းဝင်တဲ့အတွက် လစဉ်ကြေး ကျပ် ၆၀၀၀ ပေးရတယ်။ ယာဉ်ပိုင်ရှင်ကို ငှားခ (အုံနာကြေး) တစ်ရက်ကို ကျပ်တစ်သောင်းပေးရတယ်။ အသင်းမဝင်တဲ့ သုံးဘီးယာဉ်ဆွဲသူဦးရေ စုစုပေါင်းက မူဆယ်မြို့မှာ အစီး ၃၀၀ ကျော်ရှိတယ်။ ထပ်ပြီး မူဆယ်မြို့ကုန်သည်ကြီးများအသင်းကလည်း သုံးဘီးယာဉ်အသင်းဖွဲ့စည်းမယ်လို့ ပြောပါ တယ်။ အခုအခြေအနေက သုံးဘီးယာဉ်တွေသာမက နှစ်ဘီးဆိုင်ကယ်ကယ်ရီဆွဲတဲ့သူတွေလည်း များလာတဲ့အတွက် ဒီမြို့က နယ်စပ်မြို့ဖြစ်တဲ့အတွက် တရားဝင်အသင်းအဖွဲ့နဲ့မှ စီးတဲ့သူအတွက် လုံခြုံစိတ်ချမှုရှိနိုင်တယ်။ ဒါကြောင့် ခရီးသည်တွေနဲ့ လုံခြုံမှုရှိအောင် သက်ဆိုင်ရာအသင်းအဖွဲ့များမှ စိစစ်ဆောင်ရွက်ပေးစေလိုတယ်လို့ပြောပါတယ်။သုံးဘီးယာဉ် (တုတ်တုတ်) စီးခမှာ ကြယ်ဂေါင်အဝင်ပေါက်မှ ကားဝင်းအထိ တစ်နေရာနဲ့တစ်နေရာ သွားခ ကျပ် ၃၀၀ ပေးရကြောင်း သိရပါတယ်။ ဇူးဇူး
Background
