ယွမ်ငွေကြေးရဲ့ ငွေလဲနှုန်းက ဈေးကွက်တောင်းဆိုချက်အတိုင်း ဆောင် ရွက်တာဖြစ်ကြောင်းနဲ့ အစိုးရက ဈေးကစားနေခြင်းမဟုတ်ကြောင်း အဆင့်မြင့် အရာရှိတစ်ဦးက ဒီဇင်ဘာ ၇ ရက်ကပြောပါတယ်။ တရုတ် နိုင်ငံရဲ့ အပြည် ပြည်ဆိုင်ရာ ဆွေးနွေးပွဲကိုယ်စားလှယ်နဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး၏ လက်ထောက်အရာရှိဟောင်း ချုံကွမ်းက ပေကျင်းမြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားပါတယ်။ "မကြာမီကဖြစ်ပွားခဲ့တဲ့ ယွမ်ငွေတန်ဖိုးကျဆင်းမှုက ကောင်းမွန်တဲ့ အသွင်လက္ခဏာတစ်ခုဖြစ်ပါတယ်။ အများကပြောနေသလို အစိုးရကတရုတ် နိုင်ငံရဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းကို ထိန်းချုုပ်ထားတာမဟုတ်ဘူးဆို တာကို ပြသနေပါတယ်" လို့ ချုံကပြောပါတယ်။ ငွေတန်ဖိုးတက်တယ် ကျတယ်ဆိုတာ က ဈေးကွက်ဝယ်လိုအား အတိုင်း တုံ့ပြန်တာဖြစ်ပြီး ဈေးကွက်အပြောင်းအလဲ ပေါ်မူတည်ပြီး မျှောထားတာဖြစ်တယ်လို့ ပြောပါတယ်။ှSource:Xinhua.com
Background