ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲ SQ ၊ FAQ ကို နေ့စဉ် အရောင်းအဝယ်ဖြစ်လာတာတွေ့ရပါတယ်။ ယခင်တစ်ပတ် က တန်ချိန် ၇၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ် (ဒီဇင်ဘာလ ၉ ရက်မှ ၁၅ ရက်) အတွင်းမှာတော့ တန်ချိန် ၆၆၀၀ ခန့် အရောင်းအဝယ် စာချုပ်နိုင်ခဲ့ တယ်လို့ သိရပါတယ်။ အိန္ဒိယဝယ်လက်များအနေနဲ့ဝယ်လိုအားရှိပေမဲ့ အိန္ဒိယရူပီး တန်ဖိုးကျဆင်းနေ တဲ့အတွက် မြန်မာမတ်ပဲကို ဈေးလျှော့ဝယ်ယူလိုကြပြီး မြန်မာကုန်သည်များက လည်း လျှော့ဈေးနဲ့ မရောင်းလိုကြောင်း သိရပါတယ်။ ဒါပေမဲ့ နေ့စဉ် ပမာဏ အနည်းငယ်စီ အရောင်းအဝယ်ရှိလို့ ရန်ကုန် FOB ဈေးမှာလည်း ယခင်တစ်ပတ် ထက် အနည်းငယ်တိုးကြောင်း သိရပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၁၆-၁၂-၁၁ ၆၀၀-၆၂၀ ၆၅၀-၆၇၀၉-၁၂-၁၁ ၅၉၀-၆၁၀ ၆၄၀-၆၆၀MIRT(MAPT)
Background