ဒီဇင်ဘာလ ၇ ရက်မှ ၁၃ ရက် အထိကာလအတွင်း မူဆယ် ၁၀၅ မိုင် ကနေ ကန်ဒေါ်လာ သုည ဒသမ ၁၉၇ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ ၂၄၃ တန် ကျော် အပို့ရှိခဲ့ပါတယ်။ နိုဝင်ဘာလ အတွင်းမှာ ပဲလွန်းဖြူ အပို့မရှိခဲ့သော် လည်း ဧပြီမှ နိုဝင်ဘာလထိ ပဲလွန်းဖြူ တန် ၁၁၇၀ ခန့် နယ်စပ်ကုန်သွယ်ရေး စခန်းမှ တင်ပို့ထားပြီးဖြစ်ပါတယ်။ ယခု အပတ်မိမိဘက်ပဲလွန်းဖြူမြေပြင်ပေါက် ဈေးမှာ တစ်တန်လျှင် ၅၆၀၉၅၄ ကျပ် ဖြစ်ပြီး ယခင်အပတ်ကထက် ၃၇၃၆၇ ကျပ်ဈေးပိုရခဲ့ပါတယ်။ တစ်ဖက်နိုင်ငံ ဈေးမှာ ကန်ဒေါ်လာ ၈၀၅ တန် ဈေး ပေါက်ပြီး ယခင်အပတ်ကထက် ၁၁၁ ဒေါ်လာ လျော့နည်းခဲ့ပါတယ်။ MIRT(DOBT)
Background