မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်မှ ကန်ဒေါ်လာ ၂ သန်းကျော်ဖိုးရှိ ပရဆေးကုန်ကြမ်း ၅၁၈ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခုအပတ် မူဆယ်မှ တင်ပို့တဲ့ ပရဆေးကုန်ကြမ်း တွေကတော့ ချဉ်ပေါင်ဖာလာ (အခွံပါ^အခွံမပါ )၊ စကားပန်းပွင့််ခြောက်၊ စမုံနက်၊ ဇီးဆံ၊ တောဂျူးမြစ်၊ မိကျောင်းကွမ်းဖတ်စေ့၊ ကွမ်းစားဂမုန်း၊ သီဟိုဠ် စေ့ (အခွံမပါ)၊ ကြောင်ပန်းစေ့၊ ကြောင်လျှာစေ့၊ တောချင်း၊ နနွင်းတက် (ရှမ်းစ)၊ ဒရင်ကောက်မြစ်၊ ရှားစေး၊ တောင်လုံး ကျော်နဲ့ ဆေးမြင်းခွာတို့ ဖြစ်ပါတယ်။ ယခင်အပတ်ကထက် ချဉ်ပေါင်ဖာလာ၊ ဇီးဆံ၊ တောဂျူးမြစ်၊ မိကျောင်းကွမ်းဖတ်စေ့၊ ကြောင်လျှာစေ့နဲ့ တောချင်းတို့ အပို့ပိုခဲ့ပါတယ်။ ယခင်အပတ် က အပို့မရှိခဲ့တဲ့ စကားပန်းပွင့််ခြောက်၊ စမုံနက်၊ ကွမ်းစား ဂမုန်း၊ ကြောင်ပန်းစေ့၊ နနွင်းတက် (ရှမ်းစ)၊ ရှားစေး၊ တောင် လုံးကျော်နဲ့ ဆေးမြင်းခွာတို့ ယခုအပတ်မှာ အပို့ရှိခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)
Background