မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှ ဒီဇင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၇၆၈ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၈၂၂ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၁၃၀ ကျော်အပို့ပိုခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ယခုအပတ် အဆင့်လိုက်ရော်ဘာတင်ပို့နိုင်မှုများမှာ RSS-3 ၄၆၃ တန်ကျော်၊ MSR-20 ၂၄၄ တန်ခန့်နဲ့ MSR-50 ၁၁၅ တန်ခန့်ဖြစ်ပါတယ်။ ယခုအပတ်မှာတော့ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၀၇၁ သန်းတန်ဖိုးရှိ RSS-3 တန် ၂၀ နီးပါးအပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ချင်းရွှေဟော် နယ်စပ်မှ ရော်ဘာတင်ပို့မှု ၂၇၆ တန် လျော့နည်းခဲ့ပါတယ်။ ယခုအပတ်မှာ မြိတ်နယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၆ သန်းတန်ဖိုးရှိ RSS-5 တန် ၁၀၀ နဲ့ MSR-50 တန် ၁၀၀ လည်း အပို့ရှိခဲ့တယ်လို့သိရပါတယ်။ ယခုအပတ်မှာ နယ်စပ်ကုန် သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၄၄ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၀၄၂ တန်ကျော်အပို့ရှိခဲ့ရာ ယခင်အပတ် တင်ပို့မှုထက် ၁၆ တန် အပို့ပိုခဲ့ပါတယ်။ ယခင်အပတ်က မြိတ်မှအပို့မရှိခဲ့သော်လည်း ယခုအပတ်မှာ အဆင့်စုံတန် ၂၀၀ အပို့ရှိခဲ့ပြီး တာချီလိတ်နယ်စပ်ကယခင်အပတ်က RSS-1 တန် ၄၀ အပို့ရှိခဲ့သော်လည်း ယခုအပတ်မှာတော့ တင်ပို့နိုင်ခြင်း မရှိခဲ့ပါဘူး။ နိုဝင်ဘာလမှာနယ်စပ်မှရော်ဘာ ၄၂၉၄ တန်အပို့ရှိခဲ့ပြီး ဧပြီလမှနိုဝင်ဘာလထိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ရော်ဘာ အဆင့်စုံ တန် ၂၁၈၅၀ ခန့်တင်ပို့ထားခဲ့ပြီးဖြစ်ပါတယ်။ ယခင်အပတ်နဲ့ ယခုအပတ်ရော်ဘာ ဈေးများကိုကြည့်ရာမှာ မိမိဘက်မြေပြင်ဈေးများ အနည်းငယ်ပိုမိုဈေးရတာတွေ့ရပါတယ်။ တစ်ဘက်နိုင်ငံဈေးမှာတော့ RSS-3 ဈေးမှာ ယခင် အပတ်ဈေးအတိုင်း ပြောင်းလဲမှုမရှိသော်လည်း RSS-5 ဈေး အနည်းငယ်လျော့နည်းလျက်ရှိပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၂၅၇၉၇၁၄ ၂၅၇၀၅၂၈ ၉၁၈၆ ၀ .၃၆ ၃၃၁၅ ၃၃၁၅ - -RSS - 5 ၂၂၄၂၁၃၂ ၂၂၃၂၉၄၆ ၉၁၈၆ ၀ .၄၁ ၂၉၉၉ ၃၁၅၇ ၁၅၈ ၅ MIRT (DOBT)
Background