Main menu

Background

ထိပ်တန်း သုံးနိုင်ငံမှ ဒေသဆိုင်ရာ ရော်ဘာဈေးကွက် ပြန်လည်တည်ဆောက်မည်

Sun, 12/18/2011 - 08:56 -- Anonymous (not verified)

    ကမ္ဘာ့ထိပ်တန်းရော်ဘာထုတ်လုပ်သူများဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံများက ဒေသတွင်းဈေးကွက်ကို ဈေးနှုန်း မှန်ကန်အောင် ပြန်လည်တည်ဆောက်မှာဖြစ်ပြီး လာမယ့်ကာလများမှာ တောင်သူတွေအတွက် ဈေးနှုန်းမှန်ကန်စွာ ရရှိရေး ကာကွယ်ပေးသွားမှာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ ဘာလီမှာ ကျင်းပပြုလုပ်တဲ့ ဝန်ကြီးအဆင့် အစည်းအဝေးအပြီးမှာ ဒေသဆိုင်ရာ ရော်ဘာဈေးကွက်ကိုပြန်လည်တည်ဆောက်ပြီး ထုတ်လုပ်သူများ ဈေးမှန် ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးဖို့ သဘောတူညီခဲ့ကြကြောင်း နိုင်ငံတကာရော်ဘာအဖွဲ့အစည်း (IRCo) ရဲ့ အတွင်းရေးမှူးချုပ်က ပြောကြားခဲ့ပါတယ်။ (IRCo) က အရှေ့တောင်အာရှမှာရှိတဲ့ ရော်ဘာအထွက်ဆုံး (၃) နိုင်ငံမှ အစိုးရ အရာထမ်းများနဲ့ ပို့ကုန်တင်ပို့သူများကို အတူတကွခေါ်ယူတွေ့ဆုံ ညှိနှိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ၎င်း (၃)နိုင်ငံက ဝန်ကြီးအဆင့်အစည်းအဝေးမှာ ရော်ဘာဈေးနှုန်း စီးဆင်းမှုနဲ့ပက်သက်ပြီး (၃) နိုင်ငံရော်ဘာကောင်စီ (ITRC) နဲ့ ဆွေးနွေးခဲ့ပေမယ့် ITRC အနေနဲ့ဈေးနှုန်းတည်ငြိမ်အောင် မဆောင်ရွက်နိုင်သေးကြောင်းနဲ့ စက်မှုလုပ်ငန်းများအတွက် ကုန်ကြမ်း လိုအပ်ဆဲဖြစ်ပြီး ဈေးကွက်ထဲမှာလည်း လှောင်ကုန်မရှိတော့ကြောင်း သိရပါတယ်။ ှSource:Daily Time,Parkistan,KZW