ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင်သီ တင်းပတ်က နေ့စဉ်ရောင်းဝယ်မှုဖြစ်ခဲ့ပြီး တန်ချိန် ၆၀၀ ကျော်အရောင်းအဝယ် စာချုပ် နိုင်ခဲ့ရာမှ ဒီဇင်ဘာလ ၁၆ ရက်မှ ၂၂ ရက်အတွင်းမှာတော့ မတ်ပဲ SQ၊ FAQ တန်ချိန် ၃၈၀၀ ခန့်သာ အရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခုရက်ပိုင်းအတွင်း အိန္ဒိယဝယ်လက် မတ်ပဲအဝယ်မရှိသလောက်ပါးနေတယ်လို့ သိရပါတယ်။အိန္ဒိယဈေးကွက်တွေမှာယခင်လပိုင်းကဖြစ်ခဲ့တဲ့ကုမ္ပဏီတစ်ခုပြဿနာ ဂယက်ကြောင့် ကုန်သည်တချို့ ငွေကြပ်မှုဖြစ်ပြီး ဆိပ်ကမ်းများမှာ ကုန်ထုတ်ယူမှု နည်းနေတယ်လို့ ကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။ ပြည်တွင်းမှာ ပို့ကုန်ဝင်ငွေ တစ်ဒေါ်လာတန်ဖိုး တည်ငြိမ်သလောက်ဖြစ်ပေမဲ့ အိန္ဒိယအဝယ်နည်းတဲ့အတွက် ရန်ကုန် FOB မတ်ပဲဈေး အနည်းငယ်လျော့ကျ ခဲ့ပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၂၃-၁၂-၁၁ ၅၈၀-၆၀၀ ၆၃၀-၆၅၀၁၆-၁၂-၁၁ ၆၀၀-၆၂၀ ၆၅၀-၆၇၀MIRT(MAPT)
Background