ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုဟာ ယခင်တစ်ပတ်က တန် ၇၀၀၀ ကျော်ထိတင်ပို့မှုရှိခဲ့သလို ယခုတစ်ပတ် (ဒီဇင်ဘာလ ၁၂ ရက်မှ ၁၆ ရက်) အတွင်း မှာလည်း တန်ချိန် ၈၄၀၀ ခန့်အထိ ပိုမိုတင်ပို့လာတာ တွေ့ရပါတယ်။ ယခုဘဏ္ဍာ နှစ် ၂၀၁၁-၂၀၁၂ ရဲ့ဒီဇင်ဘာလ၁၆ ရက်အထိ ပဲစင်းငုံတင်ပို့မှုမှာ တန်ချိန် ၁၈၃၀၀၀ ကျော်ရှိပြီးဝင်ငွေအနေဖြင့် ကန်ဒေါ်လာ ၁၁၃ သန်းနီးပါးရရှိထား ကြောင်း သိရပါတယ်။ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်းမှာတော့ တန်ချိန် ၇၄၀၀၀ ကျော် ဝင်ငွေအားဖြင့်ကန်ဒေါ်လာ ၆၉ သန်းနီးပါး ရရှိထားလို့ ယခုနှစ် ကာလတူမှာ ပမာဏအား ဖြင့် တန်ချိန် တစ်သိန်းကျော်ပိုနေပြီး ဝင်ငွေအနေဖြင့် ကန်ဒေါ်လာ သန်း ၆၀ ခန့် ပိုမိုရရှိထားကြောင်း သိရပါတယ်။ လတ်တလောအရောင်းအဝယ်ြ ဖစ်မှုအရ လာမယ့်သီတင်းပတ် ပဲစင်းငုံတင်ပို့မှု ပုံမှန်ပမာဏအတိုင်းရှိမယ်လို့ ခန့်မှန်းကြပါတယ် MIRT - MAPT
Background