ယခင်သီတင်းပတ်က ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် ၤဥြ ဈေးကွက်မှာ ပဲတီစိမ်းကို နေ့စဉ်အရောင်း အဝယ် ဖြစ်ခဲ့ပေမယ့် ယခုသီတင်းပတ် ဒီဇင်ဘာလ ၁၆-၂၂ ရက်အတွင်းမှာတော့ အချို့ရက်များသာ အရောင်းအဝယ်ဖြစ်ခဲ့လို့ တန်ချိန် ၁၃၀၀ ခန့်သာ စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ လတ်တလော ပြည်ပဝယ်လက်တွေ အဝယ်မရှိသလောက် ဖြစ် နေတယ်လို့သိရပါတယ်။ အဓိကတော့အိန္ဒိယမှာ ပဲတီစိမ်းသစ်တွေ ဈေးကွက်အတွင်း အဝင်ရှိနေတဲ့အပြင် ရူပီးတန်ဖိုး ကျဆင်း နေတာက တင်သွင်းမှုကို လျော့ကျစေတာဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ဒီဇင်ဘာလ ၂၃ ရက်မှာ ပဲတီစိမ်း ၤဗျှ အညာ တစ်တန် ကန်ဒေါ်လာ ၇၀၀-၇၂၀ ၊ ပခုက္ကူ တစ်တန် ကန်ဒေါ်လာ ၇၂၀-၇၄၀ နဲ့ ဈေးငြိမ်နေပေမဲ့ ရွှေဝါအကြီးကတော့ ဒီဇင်ဘာလ ၁၅ ရက်မှာ ကန်ဒေါ်လာ ၈၄၀-၈၆၀ ရှိရာမှ ဒီဇင်ဘာလ ၂၃ ရက်မှာတော့ ကန်ဒေါ်လာ ၈၀၀-၈၂၀ ကိုလျော့ကျခဲ့ပါတယ်။ MIRT - MAPT
Background