Main menu

Background

သယ်ယူခဈေးတက်သော်လည်း ပဲတီစိမ်းပုံမှန်ပို့နေ

Mon, 12/26/2011 - 07:16 -- Anonymous (not verified)

    ဒီဇင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ကနေ ပဲတီစိမ်း ၁၂၈၉ တန်၊ တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ၀၃၅ သန်းဖိုးနဲ့ ပဲတီစိမ်းလုံးခြမ်း ၉၅ တန်၊ ကန်ဒေါ်လာ သုည ဒသမ ၀၉၂ သန်းဖိုး တင်ပို့ခဲ့ တာ တွေ့ရပါတယ်။ ယခင်အပတ်ကလည်း ပဲတီစိမ်း တန် ၁၁၀၀ ကျော်နဲ့ ပဲတီစိမ်းလုံးခြမ်း တန် ၁၀၀ ခန့် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုပုံမှန်လို့ ဆိုရပါမယ်။ ပဲတီစိမ်းတင်ပို့မှုပုံမှန်နေပေမယ့် သယ်ယူခနှုန်းထားကတော့ ပဲတီစိမ်း ၁ ပိသာကို ၁၅ ကျပ်ခန့် မြင့်တက်သွားတယ်လို့ သိရပါတယ်။ မိမိဘက်ဈေးနှုန်းများ မြင့်တက်သွားပေမယ့် တစ်ဖက်နိုင်ငံဈေးနှုန်းများ ကျဆင်းသွားတာကို တွေ့ရပါတယ်-                                         မိမိဘက်(ကျပ်/တန်)                  တစ်ဘက်နိုင်ငံ                    (ဒေါ်လာ/တန်)                                    ယခု            ယခင်    ပြောင်းလဲမှု    %       ယခု    ယခင်    ပြောင်းလဲမှု    %ပဲတီစိမ်း    ၆၇၂၀၅၂    ၆၆၈၉၉၀    ၃၀၆၂          ၀ .၅    ၈၅၂    ၈၆၈          ၁၀         ၁ .၁MIRT (DOBT)