Main menu

Background

မုံရွာ ပဲတီစိမ်းဈေးကွက် အဝင်သွက် အရောင်းသွက်

Mon, 12/26/2011 - 07:19 -- Anonymous (not verified)

    မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာတတိယပတ် ပဲဈေးကွက်မှာ ပဲတီစိမ်း အကြီး- အသေး နယ်စုံက အဝင်သွက်ခဲ့သလို အရောင်း လည်း သွက်ခဲ့တယ်လို့သိရပါတယ်။ ဈေးကွက်ထဲ ဝင်လာတဲ့ ပဲတီစိမ်းတွေဟာ ရာသီရဲ့ ဖျက်စီးမှု မခံခဲ့ရလို့ အရည် အသွေးပြည့်မီမှုရှိတယ်လို့ ကုန်သည်လောကမှ ပြောပါတယ်။ ဝယ်လက် အနေအထားအရ ပဲတီစိမ်းကြီးကို မန္တလေးလက်က အများဆုံး ဝယ်ယူခဲ့ကြပြီး၊ စိမ်းသေးကိုတော့ ရန်ကုန်က အများဆုံး ဝယ်ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ် ပေါက်ဈေးမှာ တော့ စိမ်းကြီးတစ်တင်း ၁၆၀၀၀ ကျပ်မှ ၁၇၀၀၀ ကျပ်၊ စိမ်းသေးတစ်တင်း ၁၄၇၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အတွင်း ဈေးအတက် အကျ ညင်သာစွာဖြစ်ပေါ်ခဲ့ပြီး၊ အရောင်းအဝယ်အားဖြင့်  တစ်ရက်ကို စိမ်းကြီး အိတ် ၇၀၀ မှ ၈၀၀ ကြား၊ စိမ်းသေးအိတ် ၈၀၀ မှ ၁၀၀၀ ကြားဖြစ်ခဲ့တယ်လို့ ကုန်စည်ဒိုင် ရပ်ကွက်က ကြားသိရပါတယ်။ထွန်းလှိုင်