Main menu

Background

ပြည်တွင်းအမှာအော်ဒါများ ဖြည့်ဆည်းဖို့ အဝယ်ရှိလို့ အိန္ဒိယနနွင်းဈေး အနည်းငယ်တိုးလာ

Mon, 12/26/2011 - 08:17 -- Anonymous (not verified)

    အိန္ဒိယနနွင်းဈေးကွက်များမှာ ပြည်တွင်းအမှာအော်ဒါများကို ဖြည့်ဆည်းဖို့ အဝယ်ရှိလို့ ဒီဇင်ဘာ ၂၂ ရက် နနွင်းဈေး အနည်းငယ်တိုးလာပါတယ်။ ပြည်တွင်းနနွင်းမှုန့်ကုန်သည်များနဲ့ မဆလာပြုလုပ်သူများမှ အမှာများများရရှိတဲ့အတွက် ကုန်သည် များဟာ ဈေးပိုပေးဝယ်ယူကြခြင်းဖြစ်တယ်လို့ အီရော့နနွင်းကုန်သည်များ အသင်း ဥက္ကဌ မစ္စတာအာကေဗွီရာဗီရှန်ကာက ပြောကြားပါတယ်။     တောင်သူများကလည်း ဈေးကောင်းမျှော်လင့်ပြီး ဈေးကွက်တွေကို အိတ် ၁၄၀၀၀ ဝယ်ယူလာကြပြီး၊ ဈေးနှုန်းကျဆင်းမှာ ကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။ အချို့တောင်သူများကတော့ တစ်တန်ရူပီး ၁၅၀၀ (ကန်ဒေါ်လာ ၂၈)မြင့်တက်လာတဲ့အ တွက် ဝမ်းသာနေကြတယ်လို့ ဆိုပါတယ်။ ကုန်သည်များက အရည်အသွေး ကောင်းရင် ဈေးပိုပေးလို့ အရည်အသွေးကောင်း နနွင်းများလည်း ဝင်ရောက်လာတယ်လို့ သိရပါတယ်။ ဒါပေမယ့်  ဝယ်ယူမှုတော့ အကန့်အသတ်ရှိတယ်လို့ သိရပါတယ်။    အီရော့နနွင်းကုန်သည်များ အသင်းဈေးဝင်းမှာ နနွင်းလက်ချောင်း တစ်တန် ရူပီး ၃၁၆၄၀ - ၄၀၉၉၀ (ကန်ဒေါ်လာ ၆၀၀-၇၇၇)ရှိပြီး၊ နနွင်းဥဈေးက တစ်တန် ရူပီး ၃၀၆၉၀ - ၃၈၉၉၀ (ကန်ဒေါ်လာ ၅၈၂-၇၃၉)ဈေး ရှိတယ်လို့ သိရပါတယ်။ယမင်းခင်၊Source: commodityonline