ထိုင်ဝမ်(ကုလားပဲ) စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မန္တလေး ၁ ပိဿာ ၉၀၇ ၈၈၀ ၂ မကွေး ၁ ပိဿာ ၈၉၅ ၈၄၅ ၃ ပခုက္ကူ ၁ ပိဿာ ၈၄၂ ၈၆၈ ၄ မုံရွာ ၁ ပိဿာ ၈၁၆ ၈၇၉ ၅ အောင်လံ ၁ ပိဿာ ၈၉၀ ၈၅၀ ၆ မြင်းခြံ ၁ ပိဿာ ၈၅၀ ၈၇၅ ၇ ပြည် ၁ ပိဿာ ၉၀၀ ၈၅၅ ၈ ရေစကြို ၁ ပိဿာ ၈၇၀ ၈၄၅ ထိုင်ဝမ်(ကုလားပဲ) ကို ပဲခွဲစက်တွေ ဝယ်အားပုံမှန်ရှိ မန္တလေးဈေးကွက်မှာ ကုလားပဲကို ပဲခွဲစက်တွေက ဝယ်အား ပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ကို ၈၈၀ ကျပ်(တစ်တန်ကို ၅၃၈၉၀၃ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၈၀၀ မှ ၁၀၀၀ ကြားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မုံရွာမှာ ပဲခွဲစက်၊ အမှုန့်ကြိတ်စက်နဲ့ လက်လီပြန်လည်ရောင်းချမည့်သူများက ဝယ်အား များနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိ ဿာကို ၈၇၉ ကျပ်(တစ်တန်ကို ၅၃၈၂၉၀ ကျပ်)နဲ့ အရောင်းအဝယ် ဖြစ်မှုများခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ မကွေး ဈေးကွက်မှာ ပဲခွဲစက်တွေကပစ္စည်းဝယ်ယူဖြည့်တင်းတဲ့အနေနဲ့ တစ်ပိ ဿာကို ၈၄၅ ကျပ် (တစ်တန်ကို ၅၁၇၄၆၉ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၂၀၀ မှ ၃၀၀ ကြားဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပခုက္ကူဈေးကွက်မှာ ပဲခွဲစက်တွေက ဝယ်အားခပ်ပါးပါးသာ ရှိခဲ့ တယ်လို့သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၆၈ ကျပ်(တစ်တန်ကို ၅၃၁၅၅၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀ ခန့်သာဖြစ်ခဲ့ တယ်လို့ဆိုပါတယ်။ အောင်လံဈေးကွက်မှာ မြိုခံပဲခွဲစက်များက ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းလက်များ အရောင်းများတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၈၅၀ ကျပ် (တစ်တန်ကို ၅၂၀၅၃၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀ ခန့်အရောင်းအ ဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပြည်ဈေးကွက်မှာ ယခင်အပတ် က တစ်ပိဿာ ၉၀၀ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်)နဲ့ အရောင်း အဝယ်ဖြစ်ခဲ့တဲ့ ကုလားပဲက ယခုအပတ်မှာ ဈေးကွက်သို့အဝင်နည်း လာပြီး လက်ကျန်ပဲများကိုသာ အနည်းငယ်ထုတ်ရောင်းမှုတွေရှိလာ တာကြောင့် ဈေးကျလာပြီး တစ်ပိဿာကို ၈၅၅ ကျပ်(တစ်တန်ကို ၅၂၃၅၉၃ ကျပ်)နဲ့ တစ်တန်ကို အိတ် ၄၀၀ ခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း မြို့ခံခွဲစက်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။
Background