Main menu

Background

သုံးနိုင်ငံနယ်စပ်က အပြိုင်ပို့တဲ့ ရေထွက်ကုန်

Mon, 12/26/2011 - 10:25 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် စခန်းနဲ့ဲ့ ချင်းရွှေဟော် စခန်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီစခန်းနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနဲ့ မောင်တောနယ်စပ်များ ကနေ ဒီဇင်ဘာ ၁၄ ရက်မှ ၂၀ ရက်အထိကာလအတွင်း ရေထွက်ကုန် ၈၁၉ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၇၀၇ သန်းကို အပြိုင်တင်ပို့နေတာ တွေ့ရပါတယ်။ မူဆယ် နယ်စပ်က ငါးရှဉ့် ၊ ရေငန်ငါးမျိုးစုံ၊ ပုစွန်ခြောက်နဲ့ ကဏန်း (အရှင်) ၅၃၇  တန်ကျော်၊ ချင်းရွှေဟော်က ငါးရှဉ့် ၉ တန် နီးပါး၊ မြဝတီက ကဏန်း၊ ငါးရှဉ့်၊ ရေငန်ငါး၊ ရေချိုပုစွန်နဲ့ ငါးပိ ၁၀၇ တန်ကျော်၊ စစ်တွေမှ ရေချိုငါး တန် ၇၀ နဲ့ မောင်တောမှ ရေငန်ပုစွန်နဲ့ ငါးခြောက်မျိုးစုံ ၉၆ တန် အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ တင်ပို့နိုင်မှုပိုမိုခဲ့သလို မိမိဘက်ဈေးနဲ့ တစ်ဖက် နိုင်ငံဈေးများလည်း ယခင်အပတ် ထက် ပိုမိုရရှိခဲ့ပါတယ်။ ယခုတစ်ပတ်ဈေးနှုန်းတွေကတော့ ငါးရှဉ့် တစ်တန် ၃၇၅၅၅၃၁ ကျပ်၊ ကဏန်း(၁၅၀ up) တစ်တန် ၂၇၀၃၆၇၁ ကျပ်၊ ကဏန်း (၂၀၀-၂၅၀) ဂရမ် တစ်တန် ၂၅၄၇၈၃၉ ကျပ်၊ (၁၅၀-၂၀၀) ဂရမ် တစ်တန် ၂၃၉၂၀၀၈ ကျပ်နဲ့ (၁၀၀-၁၅၀) ဂရမ် တစ်တန် ၂၂၇၅၁၃၅ ကျပ် အသီးသီးဖြစ်တယ်လို့ သိရပါတယ်။MIRT(DOBT)