Main menu

Background

ပြင်ဦးလွင်ခရိုင်အတွင်း ပဲစင်းငုံစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း

Sun, 01/01/2012 - 09:50 -- Anonymous (not verified)

    မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်အတွင်း မိုးပဲစင်းငုံအားစိုက်ဧက ၁၄၀၀၀ ကျော် စိုက်ပျိုးထားခဲ့ရာ  ယခုအခါ ရာသီဥတုအခြေအနေကြောင့်အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ စဉ့်ကူးမြို့နယ်မှ ပဲစင်းငုံစိုက်တောင်သူတစ်ဦးရဲ့ ပြောပြချက် အရသိရှိရပါတယ်။ ပြင်ဦးလွင်ခရိုင်အတွင်း ပဲစင်းငုံအား မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်များမှာ အများဆုံး စိုက်ပျိုးလေ့ရှိပြီး၊ အောင်မြင်ဖြစ်ထွန်းမှု အများဆုံးမှာ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်များ ဖြစ်ကြောင်း သိရှိရပါတယ်။ ယခင်နှစ်အထွက်နှုန်း ၁၀ တင်းကျော်ထွက်ရှိခဲ့ပြီး၊ ယခုနှစ်တွင် ယခင်နှစ်ထက် ပိုမို ထွက်ရှိနိုင်ကြောင်း အဆိုပါ တောင်သူက ပြောပါတယ်။မောင်ထူး