Main menu

Background

ဈေးကျသော်လည်း ပုံမှန်ပို့တဲ့ ပဲလွန်းဖြူ

Sun, 01/01/2012 - 09:53 -- Anonymous (not verified)

    ဒီဇင်ဘာလ ၂၁ ရက်မှ ၂၇ ရက် အထိ ကာလအတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ ပဲလွန်းဖြူ ၂၁၈ တန်၊ တန်ဖိုးကန်ဒေါ်လာသုည ဒသမ ၁၇၇ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင် အပတ်ကလည်း တန် ၂၀၀ ကျော် တင်ပို့ခဲ့တာကြောင့် ပုံမှန်တင်ပို့မှုလို့ ဆိုရပါမယ်။ ယခုအပတ်မှာ ပဲလွန်းဖြူ မြေပြင်ပေါက်ဈေးတစ်တန်ကို၆၂၃၄၂၃ ကျပ် ဖြစ်သွားပြီး ယခင်အပတ်ထက် ၄၁၀၃၂ ကျပ် ဈေးလျော့ကျခဲ့တာ တွေ့ ရပြီး တစ်ဖက်နိုင်ငံဈေးကတော့ တစ် တန်ကန်ဒေါ်လာ ၈၆၉ဖြစ်ပြီး ၁၀ ဒေါ် လာခန့် ဈေးပိုရခဲ့တယ်လို့ သိရပါတယ်။MIRT(DOBT)