Main menu

Background

မြင်းခြံမှ ရန်ကုန်နဲ့ မော်လမြိုင်သို့ ကြက်သွန် အများဆုံးတင်ပို့

Sun, 01/01/2012 - 10:32 -- Anonymous (not verified)

    မြင်းခြံမှ ရန်ကုန်နဲ့ မော်လမြိုင်ကို နေ့စဉ် ကုန်စည်တင်ပို့လျက်ရှိရာ ကားအစီးရေ ၃၀ နဲ့ ၃၅ စီးကြား ပုံမှန် တင်ပို့လျက်ရှိ ကြောင်း သိရပါတယ်။ ငွေစင်ရော်ကုန်စည်ပို့ဆောင်ရေးမှ ဦးခင်မောင်မြင့်က " ခုရာသီမှာ ကုန်စည်ပို့ဆောင်ရေးကောင်းတယ်။ မနှစ်က ကုန်မပေါဘူး။ ကုန်ပို့ခ များများရတယ်။ လတ်တလောမှာ ဈေးငြိမ်နေတာ ၂လ လောက်ရှိပြီ။ မနှစ်ကကုန်တစ်ပိဿာကို ၈၅ ကျပ်ကနေ ကျပ် ၁၀၀ ထိ ရှိခဲ့တယ်။ မော်လမြိုင်ပို့ခက ၁၁၅ ကျပ်ထိပေါက်တယ်။ ဒီနှစ်မှာ ရန်ကုန်ပို့ခ ၆၅ ကျပ်၊ မော်လမြိုင် ပို့ခက ၇၅ ကျပ်နဲ့ ဈေးငြိမ်နေတယ်။ မနှစ်က ပဲစင်းငုံများများပို့ခဲ့ရပေမယ့် ဒီနှစ်ဈေးကျလို့ ပဲစင်းငုံပို့တာနည်းတယ်။ ကြက်သွန်က အများဆုံးပို့နေရတယ်။ ကား ၁၂ စီး ကုန်ပို့ရင် ၁၀ စီးက ကြက်သွန်ဘဲတင်ပို့ရတယ် " လို့ ပြောပါတယ်။    မြင်းခြံမြို့မှ ဒေသထွက်ကုန်များဖြစ်တဲ့ ပဲဖတ်၊ နှမ်းဖတ်၊ ဆေးဖို၊ ဆေးရိုး၊ ငရုတ်၊ ဆေးလိပ်၊ ထန်းလျက် အနည်းအကျဉ်း တင်ပို့ပြီး၊ ချည်ထည်များကို တစ်ပိုင်တစ်နိုင် တင်ပို့မှုရှိကြောင်း သိရပါတယ်။ ပခုက္ကူမြို့နဲ့ ဆက်သွယ်နိုင်တဲ့ ဧရာဝတီတံတား ဖွင့်လှစ်ပြီးရင် ပခုက္ကူဒေသထွက်ကုန်များနဲ့ ကုန်စည်ဖလှယ်နိုင်မှု ပိုမိုလာနိုင်ကြောင်း သိရပါတယ်။                ဇူးဇူး