Main menu

Background

အရောင်းအဝယ် ပိုဖြစ်လာတဲ့ ပဲလွန်းဖြူ

Sun, 01/08/2012 - 06:44 -- Anonymous (not verified)

    ယခုတစ်ပတ်အတွင်း ရန်ကုန် FOB ဈေးကွက်မှာ ပဲလွန်းဖြူ တန် ၂၂၇ အထိ အရောင်းအဝယ် ပိုဖြစ်လာခဲ့ သလို ပြည်ပတင်ပို့မှုမှာလည်း ယခင် တစ်ပတ်က တန် ၁၂၂ တန်တင်ပို့မှု ထက် အနည်းငယ်ပိုပြီး ဒီဇင်ဘာလ ၂၆ ရက်မှ ၃၀ ရက်အတွင်း တန် ၁၅၀ ခန့် အထိတင်ပို့ခဲ့တယ်လို့သိရပါတယ်။ ယခု တစ်ပတ်တင်ပို့တဲ့ နိုင်ငံကတော့ အိန္ဒိယ နဲ့ စင်ကာပူကို ဖြစ်ပါတယ်။     ဒီဇင်ဘာလ တစ်လလုံးမှာ ပဲလွန်း ဖြူ တန် ၆၀၀ ကျော်သာ တင်ပို့ခဲ့ပြီး နိုဝင်ဘာလအတွင်း တန်ချိန် ၁၅၀၀ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၀ ဒီဇင် ဘာလအတွင်း ပဲလွန်းဖြူတန်ချိန် ၄၆၀ ကျော်သာတင်ပို့ခဲ့လို့ ယခုနှစ် ကာလ တူမှာ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရပါ တယ်။    လာမယ့်လတွေမှာ ပဲလွန်းဖြူ ဈေးကွက်ဝင်ရောက်မှုပိုလာတော့မှာဖြစ်လို့ အရောင်းအဝယ် ပိုဖြစ်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။  MIRT - MAPT