Main menu

Background

ပဲတီစိမ်းတင်ပို့မှု ပုံမှန်သာရှိ

Sun, 01/08/2012 - 06:49 -- Anonymous (not verified)

    ပဲတီစိမ်း ပင်လယ်ရေကြောင်းက တင်ပို့မှုကတော့ ယခုတစ်ပတ်မှာလည်း ပုံမှန်သာတင်ပို့နေတာ တွေ့ရပါတယ်။ ဒီဇင်ဘာ လ ၂၆ ရက်မှ ၃၀ ရက်အတွင်းမှာ ပဲတီစိမ်းတန်ချိန် ၂၆၀၀ ခန့် တင်ပို့ခဲ့ပါတယ်။ ဒီဇင်ဘာလ တစ်လလုံးမှာ ပဲတီစိမ်းတင်ပို့မှုာ တန်ချိန် တစ်သောင်းကျော်သာရှိပြီး နိုဝင်ဘာလမှာ တန်ချိန် ၁၈၅၀၀ ခန့်အထိ တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၀ ဒီဇင်ဘာလ အတွင်းမှာတော့ တန်ချိန် ၁၁၀၀၀ ကျော်တင်ပို့ခဲ့လို့ ကာလတူတင်ပို့မှုမှာ ကွာခြားမှုမများကြောင်း သိရပါတယ်။    ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ရဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ ပဲတီစိမ်းစုစုပေါင်း တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၂၃၀၀၀၀ ကျော်ရှိပြီး၊ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၂၁၉ သန်းကျော် ရရှိခဲ့လို့ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့မှု တန်ချိန် ၁၇၉၀၀၀ ကျော်၊ ဝင်ငွေ ကန်ဒေါ်လာ ၂၀၇ သန်းနဲ့ယှဉ်ရင် ပမာဏအားဖြင့် တန် ၅ သောင်းကျော် ပိုမိုတင်ပို့နိုင်ပေမဲ့ ရရှိတဲ့ ဝင်ငွေ မှာ ကွာခြားမှုမများကြောင်း သိရပါတယ်။MIRT - MAPT